ပဲခူးမြစ်ကူးဘေလီတံတားအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

 

ပဲခူးမြစ်ကူးဘေလီတံတားအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

 

    ပဲခူးမြို့ရှိ ဇိုင်းဂနိုင်းမြောက်ပိုင်း ရပ်ကွက်နှင့်ညောင်ဝိုင်း ၁၇ လမ်း ပဲခူးမြို့မဈေးကြီးသို့ ဆက်သွယ် တည်ဆောက်ထားသည့် ပဲခူးမြစ်ကူး သစ်သားဘေလီတံတားအား သံကူကွန်ကရစ် တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိကြောင်း တံတားတည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါတံတားသည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရန်ပုံငွေ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရန်ပုံငွေနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ စုစုပေါင်းငွေကျပ် ၁၄၂၅ သန်းဖြင့် တံတားတည်ဆောက်ရေး-၃ တံတားအထူးအဖွဲ့-၉ မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် အလျားပေ ၃၂၀၊ အကျယ် ၁၈ ပေ၊ တံတားအောက်ရေလမ်း ကင်းလွတ်အမြင့်ပေ ၃ ပေ ၅ လက်မ(အမြင့်ဆုံးရေအမှတ်မှ)ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။

တံတားတည်ဆောက်ပြီးစီးပါက ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေခြင်း၊ သယ်ယူပို့ဆောင်စရိတ်များ လျော့ကျနိုင်ခြင်း၊ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။