ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် စစ်မှုထမ်းစာရင်းများ ကောက်ခံရာတွင်  အမျိုးသမီးများကိုပါ ကောက်ခံ လျက်ရှိကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို မဟုတ် မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် စစ်မှုထမ်းစာရင်းများ ကောက်ခံရာတွင်  အမျိုးသမီးများကိုပါ ကောက်ခံ လျက်ရှိကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို မဟုတ် မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ မတ် ၂၀

     ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အချို့တွင် စစ်မှုထမ်းစာရင်းများ ကောက်ခံရာတွင်  အမျိုးသမီးများကိုပါ ကောက်ခံ လျက်ရှိကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို ပြည်သူများ စိုးရိမ်စိတ်များဖြစ်ပေါ်စေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက် ပေါ်တွင် ရေးသားဖြန့်ဝေနေသည် ကိုတွေ့ရှိရသည်။

    အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးတာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ရပ်ကွက်၊ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်၍ အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ပြည်သူအများသိရှိ နိုင်စေရေးအတွက် စနစ်တကျလုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် အမျိုးသမီးများ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အကောင်အထည်ဖော်ရာ၌ လတ်တလောတွင် အမျိုးသမီးများကိုစစ်မှုထမ်းရန်အတွက် ခေါ်ယူရန်အစီအစဉ် မရှိသေးကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိရှိလိုသည်များကို https://mod.gov.mm/ node/74 တွင် လေ့လာနိုင်ကြောင်းတို့ကို Mobile ဖုန်းများသို့ SMS(စာတို ပေးပို့ခြင်း)ဝန်ဆောင်မှုများဖြင့် အများပြည်သူထံသို့ ပေးပို့အသိပေးခြင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ အရှက်ဂုဏ် သိက္ခာကင်းမဲ့စွာ လုပ်ကြံဖန်တီးရေးသားနေခြင်းသာဖြစ်ကြောင်းသိရှိရပါသည်။

    စစ်မှုထမ်းဆိုင်ရာနှင့်ပတ်သက်၍ လူအချို့မှ ငွေတောင်း၍ လိမ်လည်မှု ပြုလုပ်လျက်ရှိကြောင်းသိရှိရပြီး ပြည်သူများအနေဖြင့် လိမ်လည်မှုများမှ ရှောင်ရှားနိုင်ရန်နှင့်  အခြေအမြစ်မရှိသည့် သတင်းအမှားများကြောင့် လူငယ် လူရွယ်များ လမ်းမှား မရောက်စေရန်အတွက် စစ်မှုထမ်းဆိုင်ရာ သတင်းများသိရှိ နားလည်စေရေး နိုင်ငံပိုင်မီဒီယာများ၊ စစ်မှုထမ်းဆိုင်ရာ အသိပညာပေး သတင်း များကို စဉ်ဆက်မပြတ် ထုတ်လွှင့်အသိပေးလျက်ရှိကြောင်း https://mod.gov.mm/node/74 တို့တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိပါသည်။