အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၁၉  / ၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၁၉  / ၂၀၂၄)

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း    ၁၁     ရက်

(၂၀၂၄ ခုနှစ်၊ မတ်လ   ၂၀    ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။   ဤဥပဒေကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။   အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင်ပါရှိသော “အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန”ဆိုသည့်စကားရပ်ကို “အလုပ်သမားဝန်ကြီးဌာန” ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၃။  အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ (င) တွင် ပါရှိသော “အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့” ဆိုသည့်စကားရပ်ကို “အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။   အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင်ပါရှိသော “ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့” ဆိုသည့်စကားရပ်နှင့် ပုဒ်မ ၂၈ ပုဒ်မခွဲ (ဃ) တွင် ပါရှိသော “ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” ဆိုသည့်စကားရပ်တို့ကို “မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့” ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

 

(ပုံ)

          မင်းအောင်လှိုင်

          ဗိုလ်ချုပ်မှူးကြီး

          ဥက္ကဋ္ဌ

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ