ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲဧက ၁၄၀၀၀ ကျော် ရိတ်သိမ်း

 

ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲဧက ၁၄၀၀၀ ကျော် ရိတ်သိမ်း

 

    စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် စိုက်ပျိုးသော မြေပဲဧက ၁၄၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။         

ကျွန်းလှမြို့နယ်၌ ယခုနှစ်  ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် မြေပဲစိုက်ပျိုးရန် ၁၃၈၉၆ ဧကလျာထားပြီး ၁၄၂၃၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကာ တစ်ဧကလျှင် မြေပဲ ၇၅ ဒသမ ၂၅ တင်းထွက်ရှိကြောင်း သိရသည်။         

“ကျွန်းလှမြို့နယ်မှာ  ရာသီအလိုက် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးကြပါတယ်။ မြေပဲကို မိုးရာသီနဲ့ဆောင်းရာသီမှာ စိုက်ပျိုးကြပါတယ်။ အရင်က မြေပဲကို အလုပ်သမားငှားပြီး နုတ်ယူဆွတ်ခူးကြပါတယ်။ အခုအခါ ခြွေလှေ့စက်တွေ အသုံးပြုလာကြ၍ ကုန်ကျစရိတ်သက်သာပြီး   အချိန်တိုအတွင်း ခြွေလှေ့ပြီးဖြစ်ပါတယ်ဂဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။      

အဆိုပါ   မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းစေရန် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သင်တန်းဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲပြုလုပ်ခြင်း၊ ပိုးမွှားအန္တရာယ် ကျရောက်မှု ကင်းထောက်ခြင်း စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။