ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ယဉ်ကျေးမှုပြတိုက်(မော်လမြိုင်)အား ဒုတိယဝန်ကြီး ဒေါ်နုမြဇံ  ကြည့်ရှုစစ်ဆေး

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ယဉ်ကျေးမှုပြတိုက်(မော်လမြိုင်)အား ဒုတိယဝန်ကြီး ဒေါ်နုမြဇံ  ကြည့်ရှုစစ်ဆေး

 

မော်လမြိုင်  မတ်  ၂၀

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့က မွန်ပြည်နယ်   ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှု ပြတိုက်(မော်လမြိုင်)သို့ ရောက်ရှိပြီး  ပြတိုက်အတွင်း    ပြခန်းများ ခင်းကျင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ပြတိုက်အား အများပြည်သူ ပိုမိုစိတ်ဝင်စားလာစေရန် ခေတ်မီနည်းစနစ်များအသုံးပြု၍ခင်းကျင်း ထားရှိရန်၊ လာရောက်ကြည့်ရှုသော ပြည်သူလူထုနှင့် ကျောင်းသား၊ကျောင်းသူများ  ဗဟုသုတပိုမိုရရှိအောင် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ရန်၊    တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်   ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ချစ်မြတ်နိုး ထိန်းသိမ်းတတ်စေရေး တိုင်းရင်းသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုများကို ဖော်ထုတ် သုတေသနပြု၍ ပြတိုက်အတွင်း ခင်းကျင်းပြသထားရှိရန်၊   မွန်ပြည်နယ် အတွင်းရှိ   ရှေးဟောင်းနေရာဒေသများ၊ ရှေးဟောင်း အဆောက်အအုံများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်ရန် မှာကြားသည်။