မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျောင်းတိုက်များနှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချီးရှားကျောင်းတိုက်ဆရာတော် လှူဒါန်းသည့် အလှူငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျောင်းတိုက်များနှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချီးရှားကျောင်းတိုက်ဆရာတော် လှူဒါန်းသည့် အလှူငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်  မတ်  ၂၀

မြန်မာနိုင်ငံတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျောင်းတိုက်များနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင် တည် ဆောက်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကွေ့လင်မြို့ရှိ ချီးရှား ကျောင်းတိုက် ဆရာတော် Ven. Qianze မှလှူဒါန်းသည့် အလှူငွေများအား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အမြဲတမ်း အတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက် ဆရာတော် Ven. Qianze မှ မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့်  ကျောင်းတိုက်များနှင့်  သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေး အတွက် အလှူငွေယွမ် ၁၂၀၀၀ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျောင်းတိုက်များနှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေး ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ  ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက်  ဆရာတော်  Ven. Qianze အား   ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက်ဆရာတော် Ven. Qianze ကိုယ်စား အလှူငွေ ယွမ် ၁၂၀၀၀ ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှဲပြောင်းပေးအပ် လှူဒါန်းရာ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။