အစ္စရေးက အစာဖြတ်ခြင်း နည်းဗျူဟာကို အသုံးပြုနေဖွယ်ရှိဟု ကုလသမဂ္ဂပြော

 

အစ္စရေးက အစာဖြတ်ခြင်း နည်းဗျူဟာကို အသုံးပြုနေဖွယ်ရှိဟု ကုလသမဂ္ဂပြော

 

    အစ္စရေးနိုင်ငံသည်  ဂါဇာကမ်းမြောင် ဒေသအတွင်း အစာဖြတ်ခြင်း နည်းဗျူဟာကို စစ်ရေးဗျူဟာ တစ်ရပ်အဖြစ် အသုံးပြုနေဖွယ်ရှိကြောင်း ကုလသမဂ္ဂ၏ မတ်လ ၁၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးအစိုးရအနေဖြင့်  ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်း စာနာထောက် ထားမှု အကူအညီများ ဝင်ရောက်မှုကို ဟန့်တားနေကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ ကပြောသည်။

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများက အကန့်အသတ်ဖြင့်သာ ရရှိနေမှုတို့ကြောင့် ဂါဇာမြောက်ပိုင်း၌ အငတ်ဘေး ဆိုက်လုနီးပါးဖြစ်နေပြီ ဖြစ်ကြောင်းနှင့် မတ်လလယ်နှင့်မေလအတွင်း အငတ်ဘေး ဆိုက်လာနိုင်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန် ချက်တစ်ခုတွင်  ဆက်လက်ဖော်ပြထားသည်။

]]လွန်ခဲ့တဲ့ ၁၆ နှစ်တာကာလအတွင်း ဂါဇာဒေသအပေါ် အစ္စရေးတို့ရဲ့ ပိတ်ဆို့မှုက အခုဆိုရင် ဂါဇာပြည်သူတွေအပေါ် ကြီးစွာသော သက်ရောက်မှုတွေ ဖြစ်လာစေပါပြီ။ လက်ရှိမှာဆိုရင်လည်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးအပ်မှုကို ဟန့်တားနေပြန်ပါပြီ။ ဒါဟာ အစာဖြတ်နည်း ဗျူဟာကို  ကျင့်သုံးတဲ့ ပုံစံဖြစ်တာကြောင့် စစ်ရာဇဝတ်မှု မြောက်ပါတယ်” ဟု ဗော်ကာ တာ့ကပြောထားသည်။

အစာရေစာငတ်မွတ် ခေါင်းပါးမှုဖြစ်ရခြင်းသည် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ဟန့်တားပိတ်ဆို့မှုကြောင့် အပြင် စစ်ပွဲကြောင့် လူများဘေးကင်းရာ ထွက်ပြေးရမှု၊ အရေးကြီးသော အရပ်ဘက် အခြေခံအဆောက်အအုံများ ဖျက်ဆီးခံရမှု တို့ကြောင့်လည်း ပါဝင်ကြောင်း ကုလသမဂ္ဂ ၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ဟားမတ်အဖွဲ့က အစ္စရေးတို့ကို လျှပ်တစ်ပြက် တိုက်ခိုက်မှု လုပ်ဆောင်လိုက်ရာ အစ္စရေးက ဟားမတ်တို့အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများ  ပြန်လည် လုပ်ဆောင်လာခြင်းကြောင့်  ဂါဇာကမ်းမြောင်ဒေသအတွင်း လူပေါင်း ၃၁၈၀၀ ကျော်  သေဆုံးထားသည်။