ယူကရိန်းသို့ ပတ်ထရီးယော့ ဒုံးကျည်များရောက်လျှင်  အကျိုးဆက်ကို ခံစားရစေမည်ဟု ရုရှားက ဂျပန်ကို သတိပေး

 

ယူကရိန်းသို့ ပတ်ထရီးယော့ ဒုံးကျည်များရောက်လျှင်  အကျိုးဆက်ကို ခံစားရစေမည်ဟု ရုရှားက ဂျပန်ကို သတိပေး

 

    ယူကရိန်းနိုင်ငံသို့ ပတ်ထရီးယော့ဒုံးကျည်များ ရောက်ရှိသွားပါက အကျိုးဆက်ကို ခံစားရစေမည်ဖြစ်ကြောင်း ရုရှားအစိုးရက ဂျပန်အစိုးရကို သံတမန်လမ်းကြောင်းများမှ တစ်ဆင့် သတိပေးလိုက်သည်။

အမေရိကန်နိုင်ငံသို့  ပတ်ထရီးယော့ ဒုံးကျည်ကာကွယ်ရေး စနစ်အတွက် ဒုံးကျည် များကို ပေးပို့မှုသည် ယူကရိန်းသို့ ရောက်ရှိသွားနိုင်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆာဂျီ ဇက်စကီးကပြောသည်။

ပတ်ထရီးယော့ ဒုံးကျည်များကို အမေရိကန်နိုင်ငံသို့ပေးပို့မည့် ဂျပန်အစိုးရ တာဝန်ရှိ သူများ၏ ဆုံးဖြတ်ချက်သည် ဂျပန်နိုင်ငံ၏ လုံခြုံရေးနှင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးတို့ကို ပိုမိုတိုးတက်စေမည်ဟု အမေရိကန်အစိုးရက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လတွင် ပြောထားသည်။

ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်သော ပတ်ထရီးယော့ဒုံးကျည်များ ကို ယူကရိန်းအရေးတွင် အသုံးပြုမည်မဟုတ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ရုရှားဒုတိယနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံစဉ်ပြောသည်။

ယူကရိန်းစစ်ဘက်ကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းသည် ထိခိုက်ဒဏ်ရာရ သေဆုံးသူများကိုသာ ပိုမိုတိုးမြင့်လာစေ မည်ဖြစ်ကြောင်း ရုရှားတာဝန်ရှိသူက ပြောထားသည်။