ဗီယက်နမ်သမ္မတ ဗိုဗန်ထွန် ရာထူးမှ နုတ်ထွက်

 

ဗီယက်နမ်သမ္မတ ဗိုဗန်ထွန် ရာထူးမှ နုတ်ထွက်

 

ဗီယက်နမ်သမ္မတ ဗိုဗန်ထွန်သည် ရာထူး၌ တစ်နှစ်ခန့်သာ တာဝန်ထမ်းဆောင်ပြီး နောက်   နုတ်ထွက်သွားပြီဖြစ်ကြောင်း ကွန်မြူနစ်ပါတီက ထုတ်ပြန်ထားသည်။

ကွန်မြူနစ်ပါတီက အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို တင်းကျပ်စွာ လုပ်ဆောင်လာစဉ် သမ္မတအနေဖြင့် ရာထူးမှ နုတ်ထွက်သွားခြင်းလည်းဖြစ်သည်။

ဗိုဗန်ထွန်၏  အပြစ်ချိုးဖောက်မှုများသည် ကွန်မြူနစ်ပါတီ၏ ဂုဏ်သိက္ခာအပေါ် ကြီးစွာသော အမည်းစက်ထင်စေကြောင်း ထိုပါတီ၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင်  ဗိုဗန်ထွန်သည် နှစ်နှစ်အတွင်း   ရာထူးမှနုတ်ထွက်သည့် ဒုတိယမြောက် သမ္မတဖြစ်လာသောကြောင့် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုနှင့် ပတ်သက်၍ မေးခွန်း ထုတ်စရာဖြစ်လာသည်။

ဗိုဗန်ထွန်အနေဖြင့် ယခုကဲ့သို့ မနုတ်ထွက်မီ ၎င်းလက်အောက်၌ တာဝန်ထမ်းဆောင်ဖူးသည့် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးကို ရဲတပ်ဖွဲ့က အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီးလိုက်သည်ဟု ထုတ်ပြန်ထားသည်။

အသက် ၅၄ နှစ်ရှိပြီဖြစ်သည့် ဗိုဗန်ထွန်သည် ၂၀၂၃ ခုနှစ် မတ်လတွင် သမ္မတ တာဝန်ကို ထမ်းဆောင်ရခြင်း ဖြစ်သောကြောင့် ခေတ်သစ်ဗီယက်နမ်နို င်ငံသမိုင်း၌ အသက် အငယ်ဆုံး သမ္မတဖြစ်လာကြောင်း  သိရသည်။