ဂျာမန်ကလေးငယ်များ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဟု ပညာရေး ဝန်ကြီးပြော

 

ဂျာမန်ကလေးငယ်များ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဟု ပညာရေး ဝန်ကြီးပြော

 

    ဂျာမန်ကလေးငယ်များသည်  စစ်ပွဲအတွက်  ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်းနှင့် သို့မှသာ စစ်ပွဲဖြစ်ပွားပါက အသက်ရှင်သန်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း  ပညာရေးဝန်ကြီးကပြောသည်။

ပဋိပက္ခဖြစ်ပွားစဉ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကလေးငယ်များအား သင်ကြား ပေးထားရမည်ဖြစ်ကြောင်း၊ ကျောင်းများတွင် ပြည်သူ့ကာကွယ်ရေး လေ့ကျင့်မှုများကိုလည်း လုပ်ဆောင်ထားသင့်ကြောင်း ၎င်းက အကြံပြုထားသည်။

“လူ့အသိုင်းအဝိုင်း တစ်ခုလုံးအနေနဲ့ ကမ္ဘာ့ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များမှ သည် စစ်ပွဲဖြစ်ပွားမှု အထိပါဝင်တဲ့ ပဋိပက္ခအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားရပါမယ်။ ပြည်သူ့ကာကွယ်ရေး ဆိုတာကလည်း တကယ့်ကို အရေးကြီးတဲ့ လုပ်ငန်းတစ်ခုပါ။ အဲဒီလုပ်ငန်းတွေအတွက် အခြေခံအကျဆုံးက စာသင်ကျောင်းတွေပါပဲ” ဟု ဂျာမနီပညာ ရေးဝန်ကြီး ဘတ်တီနာစတာ့ဝက်ဇင်ဂျာက ပြောသည်။

ထို့ပြင် အရပ်ဘက်ကျောင်းသားများနှင့် တပ်မတော်တို့ကြားက ဆက်ဆံရေးသည် လည်း အရေးကြီးကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် စာသင်ကျောင်းများသို့ အလည်အပတ်သွားကာ ဂျာမန်တပ်မတော်သည် လုံခြုံရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်နေ သည်ကို ရှင်းလင်းပြသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ဂျာမန်ဆရာများ သမဂ္ဂဥက္ကဋ္ဌ ကလည်း ပညာရေးဝန်ကြီး၏ အဆိုပြုချက် သည် အဓိပ္ပာယ်များစွာ ရှိကြောင်း ထောက်ခံ ပြောထားသည်။

ဂျာမနီပညာရေးဝန်ကြီး၏ အဆိုပြုချက် သည် ဂျာမနီအစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှုကို ထင်ဟပ်စေပြီး ဂျာမနီ အစိုးရအနေဖြင့် NATO တပ်ဖွဲ့နှင့် ရုရှား တို့ကြားဖြစ်လာနိုင်သည့်   စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်နေခြင်းဖြစ်ကြောင်း ကာကွယ်ရေး တာဝန်ရှိသူများက ပြောထားသည်ဟု သိရသည်။