သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိသည့် ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်းခိုသီတင်းသုံးမည့် နေပြည်တော်စည်ပင် ဧည့်ရိပ်သာအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ သွားရောက် ကြည့်ရှုစစ်ဆေး

 

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိသည့် ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်းခိုသီတင်းသုံးမည့် နေပြည်တော်စည်ပင် ဧည့်ရိပ်သာအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ သွားရောက် ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မတ် ၂၀

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်တော်မူကြမည့် ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်းခို သီတင်းသုံးမည့် နေပြည်တော် စည်ပင်ဧည့်ရိပ်သာအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ  သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဆွမ်းစားဆောင်များနှင့် အိပ်ဆောင်များကို လှည့်လည် ကြည့်ရှုကြသည်။

    ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်းခို သီတင်းသုံးမည့် အဆောင်များအား ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေကို     ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက အဆောင်အတွင်း/အပြင် သန့်ရှင်းသာယာရေး၊ ဆရာတော် သံဃာတော်များနှင့် သီလရှင်များ စိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရေး၊ လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရေး၊ မီးဘေးလုံခြုံရေး၊ ခြင်နှင့် ယင်များမရှိစေရေးနှင့် အခန်းများအတွင်းရှိ    အသုံးအဆောင် ပစ္စည်းများ ပြည့်စုံစွာဖြည့်ဆည်း ဆောင်ရွက်ပေးစေရေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။