ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်များနှင့် သူနာပြုသားဖွား သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တွေ့ဆုံမှာကြား

 

ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်များနှင့် သူနာပြုသားဖွား သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တွေ့ဆုံမှာကြား

 

ရန်ကုန်  မတ်  ၂၀

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည့် ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်များနှင့် သူနာပြု သားဖွားသင်တန်းကျောင်းများမှ  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်မှု အန္တရာယ်” နှင့် “နိုင်ငံတော်တည်ဆောက်ရေးနှင့်   မီဒီယာ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲသို့   တက်ရောက်ဆွေးနွေး  ပြောကြားသည်။

ဆွေးနွေးပွဲသို့   ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၊ သူနာပြုသားဖွား သင်တန်းကျောင်းများမှ  ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  “တားဆီးကာကွယ် မီဒီယာ အဆိပ်သင့်မှုအန္တရာယ်” နှင့် “နိုင်ငံတော် တည်ဆောက်ရေးနှင့်  မီဒီယာ၏ အခန်းကဏ္ဍ” မှတ်တမ်းဗီဒီယိုတို့ကိုပြသသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲမှ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်လျှောက်လှမ်းရမည့် ဘဝအတွက် အသိအမြင်ကောင်းများ ရရှိစေလိုကြောင်း၊    ယနေ့ တက်ရောက်လာကြသည့်  ကျောင်းသား၊ ကျောင်းသူများသည်  မကြာမီဆေးပညာ နယ်ပယ်ရပ်၌ နိုင်ငံ့တာဝန် ထမ်းဆောင်ကြရမည့်သူများ ဖြစ်သည့်အတွက် သတင်းတု၊ သတင်းမှားကို ခွဲခြားဆန်းစစ်နိုင်ကြစေလိုကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးတွင် မီဒီယာ၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ ယနေ့အချိန်အခါတွင် သတင်းတု၊ သတင်းမှားနှင့် ပတ်သက်ပြီး အရေးကြီးသည့် အချိန်အခါသို့   ရောက်ရှိနေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဆိုရှယ်မီဒီယာပေါ်မှ  သတင်းအမှားများကို ဝေဖန်ပိုင်းခြားတတ်ကြရန် လိုအပ်ကြောင်း၊ အရာရာကို ဦးနှောက်ဖြင့်ချင့်ချိန် စဉ်းစားရန်လိုကြောင်း၊ ယနေ့ဖြစ်ပေါ်နေသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်ကကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းအဆိပ်သင့်မှု အန္တရာယ်သည် မိမိတို့၏နေ့စဉ် လူမှုစီးပွားဘဝ များစွာကို သက်ရောက်ကြောင်း၊ သတင်းအမှားများကို နားယောင်ပြီး ဆုံးဖြတ်ချက် အမှား၊ ရည်ရွယ်ချက်အမှား၊ စေတနာအမှား စသည့် အမှားများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ယနေ့ လူငယ်၊ လူရွယ်များအနေဖြင့် သတင်းအမှားများကို ဆင်ခြင်သိ၊ တွေးတောသိဖြင့် ကြိုတင်တားဆီး ကာကွယ်နိုင်ရမည် ဖြစ်ကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် ပညာရေးကို အလေးထားကြောင်း၊ ယနေ့ဆွေးနွေးပွဲ သို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများသည် ပြည်သူများ၏အသက်ကို စောင့်ရှောက်ကြမည့်သူများဖြစ်ပြီး အရည် အချင်းနှင့်အသိÓဏ်မြင့်မားသူများဖြစ်၍ တန်ဖိုးထား လေးစားကြောင်း၊ အနာဂတ်တွင် မိမိတို့တတ်ကျွမ်းသည့် ပညာရပ်များဖြင့် ပြည်သူနှင့် နိုင်ငံတော်အတွက် စေတနာထား ဆောင်ရွက်သွားကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည့် နည်းပညာရပ်များကို မျက်ခြည်မပြတ်ရန် လိုအပ်ကြောင်း၊ ထိုသို့ဖြစ်ရန်အတွက် သတင်းအချက်အလက် အမှန်များ သိရှိရန်လိုအပ်ကြောင်း။

အနာဂတ်နိုင်ငံတော်ကို  ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်၏ ရတနာ များဖြစ်သည့်အတွက် သတင်းမီဒီယာ၏ တန်ဖိုးကို သိရှိနားလည်ပြီး နေ့စဉ်လူမှုဘဝကို အကျိုးရှိအောင်  ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ လတ်တလောတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ကောလာဟလများကို သေချာဆန်းစစ်ရန် လိုကြောင်း၊  မှန်ကန်သော သတင်းအချက်အလက်များကို အမြဲမပြတ်၊ မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာ၍ စိုးရိမ်ပူပန်မှု မရှိကြစေလိုကြောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊  နိုင်ငံတော်ကို ကာကွယ်ရန်  ကိုယ်တတ်စွမ်းသည့် ကဏ္ဍအလိုက် အလှည့်ကျဖြင့် နိုင်ငံ့တာဝန်ကို ပေါ့ပါးစွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းသည့်နိုင်ငံအဖြစ် ဖြတ်သန်းနိုင်ရန် မိမိတို့အားလုံး စိတ်တူကိုယ်တူဖြင့်  ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများက တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် DTH စလောင်း ငါးစုံနှင့်  MRTV Set- top Box  အလုံး  ၁၀၀ တို့ကို ကံစမ်းမဲဖောက်ပေးပြီး ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၊ သူနာပြု/သားဖွားသင်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊  ကျောင်းသူများအား    ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၊ သုနာပြုသားဖွားသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့်စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ဆွေးနွေးပွဲသို့  ဆေးတက္ကသိုလ်(၁)(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀၊   ဆေးတက္ကသိုလ်(၂) (ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀၊  ပြည်သူ့ကျန်းမာရေး တက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူ ၂၀၊ သွားဘက်ဆိုင်ရာ တက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူ ၅၀၊  ဆေးဝါးတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူ ၅၀၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(ရန်ကုန်)မှ   ကျောင်းသား၊  ကျောင်းသူ ၅၀၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊  ကျောင်းသူ ၅၀၊  ရန်ကုန်သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊   ကျောင်းသူ ၂၅ ဦး၊  ရန်ကုန်အရှေ့ပိုင်းသူနာပြု သင်တန်းကျောင်းမှ ကျောင်းသား၊   ကျောင်းသူ ၂၅ ဦး၊ မြောက်ဥက္ကလာပသူနာပြု သင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးနှင့် ဗဟိုသားဖွား သင်တန်းကျောင်း(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး စုစုပေါင်းကျောင်းသား၊   ကျောင်းသူ ၅၂၀ တက်ရောက် ခဲ့ကြကြောင်း သိရသည်။