ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးများက စစ်မှုမထမ်းဆောင်လိုသူများကို ကျပ်သိန်း ရာချီ ငွေညစ်တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် စွပ်စွဲ ရေးသားဖြန့်ဝေလျက်ရှိ

 

ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးများက စစ်မှုမထမ်းဆောင်လိုသူများကို ကျပ်သိန်း ရာချီ ငွေညစ်တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် စွပ်စွဲ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ မတ် ၂၁

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများက လူငယ်လူရွယ်များနှင့် မိဘအုပ်ထိန်းသူများကို အစည်းအဝေးခေါ်ယူပြီး စစ်မှုမထမ်းဆောင်လိုသူများကို သိန်းရာချီ ငွေညှစ်တောင်းခံနေကြောင်း ပြည်သူ့ စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် စွပ်စွဲ ရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

       တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများသည် နိုင်ငံသူ၊ နိုင်ငံသားများ စစ်ပညာသင်ကြားတတ်မြောက်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန် များ ကျေပွန်စွာထမ်းရွက်မည့်အရေးကို ကြောက်ရွံ့ထိတ်လန့်လျက်ရှိသည့်အတွက် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်လျက်ရှိရာ ယခုဖြစ်စဉ်သည်လည်း ကျုံပျော်မြို့နယ်ရှိ လူငယ်လူရွယ်များနှင့် မိဘအုပ်ထိန်းသူများကို အစည်းအဝေး ခေါ်ယူပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ကောလာဟလ သတင်းအမှားများကို သိရှိနားလည်စေရန် အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သိန်းရာချီငွေညှစ်တောင်းခံနေသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

      ထို့ကြောင့် တရားမဝင်ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန်စွပ်စွဲရေးသား ထားသည့်  သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများကို ထင်ယောင်ထင်မှား မဖြစ်စေရန် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာနှင့် မြို့နယ်များမှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး အသိပညာပေးဆောင်ရွက်နေမှုများအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံ ရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။