စစ်တွေမြို့ရှိ ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာများ၌ တိုက်ပွဲဖော် ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

 

စစ်တွေမြို့ရှိ ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာများ၌ တိုက်ပွဲဖော် ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၁

    ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲ များဖော်ဆောင်ခြင်း၊ သာသနိက အဆောက်အဦများနှင့် စာသင်ကျောင်းများ အတွင်း သို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့်  ၎င်းတို့၏လုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိဘဲ ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။

    ထိုသို့ ကန့်ကွက်ရှုတ်ချလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင်လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ကသဲရပ်ကွက်နှင့် သန်တော်လီရပ်ကွက်များမှ ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဘင်္ဂါလီလူမျိုးများသည် သတ်မှတ်နေရာ များ၌ စုဝေးပြီး ၎င်းစုရပ်နေရာမှ သတ်မှတ်လမ်းကြောင်းများအတိုင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ချီတက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

   ချီတက်ရာ လမ်းတစ်လျှောက်တွင် “AA အလိုမရှိ၊ စစ်တွေမြို့ကိုကာကွယ်ကြ၊ တိုက်ပွဲအလိုမရှိ၊ တိုင်းပြည်တည်ငြိမ်းအေးချမ်းရေးကို ဖျက်စီးနေသည့် NUG/AA အလိုမရှိ၊ လူနေရပ်ကွက်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ AA သောင်းကျန်းသူများ အလိုမရှိ၊ ကျွန်ုပ်တို့သည် ပြည်တွင်းစစ်ကို မလိုလားပါ” စသည့် ကြွေးကြော်သံများကို မြန်မာ/ဘင်္ဂါလီ နှစ်ဘာသာဖြင့် သံပြိုင်ကြွေးကြော်၍ ငြိမ်းချမ်းစွာဖြင့် ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သတင်းရရှိသည်။