ထားဝယ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ  စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက်  ဂုဏ်ပြုဖျော်ဖြေ

 

ထားဝယ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ  စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက်  ဂုဏ်ပြုဖျော်ဖြေ

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၁

    ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများ က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက် နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များအလိုက် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် တိုင်းစစ်ဌာန ချုပ် နယ်မြေအသီးသီးရှိ ရှေ့တန်းစခန်းများနှင့် တပ်နယ်များအလိုက် နယ်မြေခံ တပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။

     ထိုသို့ သွားရောက် ဂုဏ်ပြုဖျော်ဖြေလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက စစ်ချီတေး၊ စစ်သည်တေး သီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်းတေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေ ကြရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စိတ်လက် ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင်သီဆိုကြသည်။ ထိုကဲ့သို့ လာရောက်သီဆို ဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံတပ်များမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များ က ဒေသထွက် လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး ဒေသထွက်အစားအစာများ ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။