အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် နှောင့်ယှက်လျက်ရှိသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးခဲ့သူများ အတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်

 

အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် နှောင့်ယှက်လျက်ရှိသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးခဲ့သူများ အတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်

နေပြည်တော်  မတ်  ၂၁

၁။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်    Grade- 12 ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင် စာမေးပွဲများကို ၁၁-၃-၂၀၂၄ ရက်နေ့မှစတင်၍ ၁၉-၃-၂၀၂၄ ရက်နေ့ထိ နိုင်ငံတစ်ဝန်းရှိ   အခြေခံပညာကျောင်းများ၏ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် အကြမ်းဖက် သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက  နည်းလမ်းမျိုးစုံဖြင့်  ခြိမ်းခြောက် နှောင့်ယှက်လျက်ရှိသော ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် အခွင့်အရေးဆုံးရှုံးခဲ့ကြပါသည်။

၂။  သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်း မဆုံးရှုံးစေရန်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့်ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ် တစ်ရပ်ဖြင့်  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများ၏ ပံ့ပိုးကူညီပေးမှုနှင့် သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ဖြေဆိုမည့် နေ့ရက်နှင့်စာစစ်ဌာနများအား ထပ်မံထုတ်ပြန် သွားမည်ဖြစ်ပါသည်။    

   ပညာရေးဝန်ကြီးဌာန