အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ပရာဘိုဝိုဆူဘီယန်တို ရွေးကောက်ခံရ

 

အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ပရာဘိုဝိုဆူဘီယန်တို ရွေးကောက်ခံရ

 

အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် ယခင်ကာကွယ်ရေး ဝန်ကြီးဟောင်း ပရာဘိုဝိုဆူဘီယန်တို က သမ္မတအဖြစ် ရွေးကောက်ခံရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကျင်းပသော ရွေးကောက်ပွဲ၏ တစ်နိုင်ငံလုံးမှ မဲရလဒ်များကို မတ်လ ၂၀ ရက်တွင် ရေတွက်ပြီးစီးကြောင်း အထွေထွေရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

အလားတူ အဆိုပါရွေးကောက်ပွဲတွင် ပရာဘိုဝိုဆူဘီယန်တိုနှင့် ပြိုင်ဘက်ဖြစ်သည့် အပြင် သမ္မတဟောင်း ဂျိုကိုဝီဒိုဒို၏ သားလည်းဖြစ်သည့် ဂျီဘရန်ရာကာဘူမင်းရာကာက ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရသည်။

ရွေးကောက်ပွဲတွင် သမ္မတနှင့် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရသူ နှစ်ဦးစလုံးအနေဖြင့် အောက်တိုဘာလတွင် ကျမ်းသစ္စာ ကျိန်ဆိုသွားရမည်ဖြစ်သည်။

သမ္မတအဖြစ် ရွေးကောက်ခံရသူ ပရာဘိုဝိုဆူဘီယန်တို အနေဖြင့်  ဂျိုကိုဝီဒိုဒို၏ မူဝါဒလမ်းစဉ်များအတိုင်း  ဆက်လက် လျှောက်လှမ်းသွားဖွယ်ရှိသည်ဟု လေ့လာ သူများက သုံးသပ်ထားသည်။