သပိတ်မှောက်မှုတွင် ပါဝင်သည့် အငယ်တန်း ဆရာဝန်များ၏ လိုင်စင်ကို တောင်ကိုရီးယား အစိုးရက ဆိုင်းငံ့မည်

 

သပိတ်မှောက်မှုတွင် ပါဝင်သည့် အငယ်တန်း ဆရာဝန်များ၏ လိုင်စင်ကို တောင်ကိုရီးယား အစိုးရက ဆိုင်းငံ့မည်

 

    တောင်ကိုရီးယားအစိုးရက သပိတ်မှောက်မှုတွင် ပါဝင်သည့် အငယ်တန်းဆရာ ဝန်များ၏ လိုင်စင်ကို လာမည့် သီတင်းပတ်မှစ၍ ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း မတ်လ၂၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ဆရာဝန်များအနေဖြင့် လုပ်ငန်းခွင်သို့ ချက်ချင်းပြန်ဝင်ရန် အစိုးရက အကြိမ်ကြိမ် တိုက်တွန်းမှုများ လုပ်နေသော်လည်း လုပ်ငန်းခွင်ပြန်ဝင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါ့မင်ဆူးက ပြောသည်။

နိုင်ငံတစ်ဝန်းရှိ အလုပ်သင်နှင့် ဆရာဝန် စုစုပေါင်းအနက် ၉၀ ရာခိုင်နှုန်းကျော်က တစ်လနီးပါးကြာ သပိတ်မှောက်မှုတွင် ပါဝင်နေခြင်းဖြစ်သည်။

၎င်းတို့သပိတ်မှောက်ရသည့် အကြောင်းရင်းမှာ   အစိုးရက ဆေးကျောင်းဝင်ခွင့် ပမာဏများကို သိသိသာသာ တိုးမြှင့်လိုက်သောကြောင့်ဖြစ်သည်။

ဆရာဝန်များ သပိတ်မှောက်မှုကြောင့် ဆေးရုံများ၌ လုပ်ရမည့်ခွဲစိတ်မှုနှင့် ကုသမှု ရာပေါင်းများစွာကို  ဖျက်သိမ်းရမှုဖြစ်ပေါ်စေသည်။

ဆေးကျောင်းဝင်ခွင့်ရသူ ပမာဏကို တိုးမြှင့်ခေါ်ယူခြင်းသည်   ဆရာဝန်နှင့် ပြည်သူအချိုး မညီမျှမှုကို လျော့ကျစေရန်ဖြစ်ကြောင်း အစိုးရက ပြောထားသော်လည်း ထိုသို့လုပ်ဆောင်ခြင်းကြောင့် ဆေးကျောင်းများတွင် မနိုင်မနင်းဖြစ်ကာ ဆရာဝန်များ၏ အရည်အသွေးကို ထိခိုက်စေနိုင်ကြောင်း သပိတ်မှောက် ဆရာဝန်များက ပြောထားသည်။