အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ မှီခိုသူ ကျောင်းသား/ကျောင်းသူများ၏ ကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပ

အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ မှီခိုသူ ကျောင်းသား/ကျောင်းသူများ၏ ကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၂

               ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချ၍ အသိပညာဗဟုသုတ တိုးပွားပြီး ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုတတ်စေရန်နှင့် ကွန်ပျူတာ နည်းပညာများအား အခြေခံတတ်ကျွမ်း နားလည်စေရန် ရည်ရွယ်၍  ဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာသင်တန်းဆင်းပွဲအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင် နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

               ဦးစွာ တိုင်းမှူးက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဆုများ ချီးမြှင့်ပေးအပ်ပြီး သင်တန်းနည်းပြများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

               အဆိုပါ ကွန်ပျူတာသင်တန်းကို တိုင်းစစ်ဌာနချုပ်မှ မှီခိုသူ ကျောင်းသား၊ ကျောင်းသူ ၈၀ ဦးဖြင့် မတ် ၁၁ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။