လားရှိးမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၆)သင်တန်းဆင်းပွဲကျင်းပ

လားရှိးမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၆)သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၄ မတ် ၂၂

               နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှု အသက်မွေးဝမ်းကြောင်း လုပ်ငန်းပညာသင်တန်းကျောင်း၌ ပြုလုပ်ရာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့် နှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

               ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုရရှိခဲ့သော သင်တန်းသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးပြီး သင်တန်းကျောင်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

               ယင်းနောက် သင်တန်းတက်ရောက် အောင်မြင်ခဲ့သည့် သင်တန်းသူ ၃၀ ဦးအတွက် တာဝန်ရှိသူတစ်ဦးက သင်တန်းဆင်းအောင် လက်မှတ်များပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

               ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အဆိုပါသင်တန်းကျောင်း၌ ခင်းကျင်းပြသထားသည့် အဆင့်မြင့်အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်း ထုတ်ကုန်ပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုကြသည်။

               အဆိုပါအဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့မှ ယနေ့အထိ သင်တန်းသူ ၃၀ ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။