ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ (ွျှသမိူ ွြှ ီပေ) အထိမ်းအမှတ် အခမ်းအနား ကျင်းပ

 

ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ (ွျှသမိူ ွြှ ီပေ) အထိမ်းအမှတ် အခမ်းအနား ကျင်းပ

 

နေပြည်တော်  မတ်  ၂၂

    ၂၀၂၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ (World TB Day) အထိမ်းအမှတ် အခမ်းအနားကို    ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီနှင့် ဆေးယဉ်ပါး တီဘီရောဂါအဖြစ် အများဆုံးနိုင်ငံ(၃၀)တွင် အပါအဝင်ဖြစ်ပြီး WHO ၏ Global TB report (2023) အရ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ တစ်သိန်းတွင် တီဘီလူနာသစ် ဖြစ်ပွားနှုန်း ၄၇၅ ဦးရှိပြီး သေဆုံးနှုန်းမှာ ၈၀ ရှိနိုင်ကြောင်း ခန့်မှန်းထားကြောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန  အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ ဦးဆောင်ကာ ပြည်တွင်း/ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို   အမျိုးသား မဟာဗျူဟာ စီမံကိန်း(National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း။

၂၀၂၃ ခုနှစ်တွင် စုစုပေါင်းတီဘီလူနာ တစ်သိန်းနှစ်သောင်းကျော် ရှာဖွေကုသပေးနိုင်ခဲ့ပြီး ဆေးကုသမှု အောင်မြင်နှုန်းမှာ ၈၈ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊ တီဘီရောဂါ ရှာဖွေတွေ့ရှိမှု နည်းသည့်ဒေသများတွင်  တီဘီရောဂါရှိပြီး ဆေးကုသမှုမရရှိနိုင်သေးသည့် လူနာများရှိနိုင်သဖြင့် ပိုမိုကြိုးစား ရှာဖွေပေးရန် လိုအပ်ကြောင်း၊  တီဘီရောဂါသည် ကုသပျောက်ကင်းနိုင်သည့် ရောဂါတစ်ခုဖြစ် သည့်အတွက်  စောစီးစွာရှာဖွေ ဖော်ထုတ်ကုသနိုင်ပါက ပြည်သူလူထုအတွင်း တီဘီရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ တီဘီလူနာ အရှိန်အဟုန်မြှင့် ရှာဖွေခြင်း လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တီဘီလူနာများအား မဖြစ်မနေ မပျက်မကွက် သတင်းပို့နိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများအနေဖြင့် ယခုထက်ပိုမိုပါဝင် ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း။

၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာရှာဖွေတွေ့ရှိမှု၏ ၁၈ ရာခိုင်နှုန်းမှာ ကလေးများတွင်ဖြစ်ပြီး အသက်ရှစ်နှစ်အောက် ကလေးများ၏ သလိပ်နှင့် Stool Specimen ကို Gene-Xpert စက်ဖြင့် တီဘီပိုး ရှာဖွေစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊   ဆေးယဉ်ပါးတီဘီ ရောဂါရှာဖွေခြင်းကို လူနာများ လက်လှမ်းမီစေရန် Rapid Diagnostic Test ဖြစ်သော GeneXpert စက် ၁၁၀လုံးကို တီဘီရောဂါ တိုက်ဖျက်ရေးဌာန ၈၆ခုတွင် တပ်ဆင်လွှမ်းခြုံ ဆောင်ရွက်လျက်ရှိပြီး အမျိုးသားမှီငြမ်းပြု   တီဘီဓာတ်ခွဲဌာန(ရန်ကုန်)တွင် အဓိက ဆောင်ရွက်လျက်ရှိကာ မန္တလေးနှင့် တောင်ကြီးတို့တွင် အားဖြည့်ဆောင်ရွက်လျက် ရှိကြောင်း၊ ဆေးယဉ်ပါး တီဘီရောဂါကုသမှုတွင် ခြောက်လ သို့မဟုတ် ကိုးလထိသာ ဆေးကုသမှုခံယူရမည့် ကုထုံးသစ် (BPaLM/ BPaL)ကို ဆေးယဉ်ပါး တီဘီလူနာ ကုသမှုပေးနေသည့် ဌာနများတွင် အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း။

တီဘီရောဂါကို ရှာဖွေကုသပေးရုံမျှသာမက တီဘီလူနာနှင့်အတူနေ မိသားစုထဲမှ အသက်ငါးနှစ်အောက်  ကလေးများနှင့် တီဘီ/အိပ်ချ်အိုင်ဗွီရောဂါ ဝေဒနာရှင်များကို တီဘီရောဂါမဖြစ်အောင် ကာကွယ်ကုသခြင်း(TB Preventive Therapy, TPT) ကို လက်ရှိအခြေအနေထက် ပိုမိုထိရောက်အောင် ဆောင်ရွက်သွားကြရန် အရေးကြီးကြောင်း၊ တီဘီလူနာနှင့် အတူနေသူ အသက်ငါးနှစ် အထက်ရှိသူများကိုလည်း    တိုးချဲ့ကုသမှုပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း၊၂၀၂၃ ခုနှစ်အတွင်း  တီဘီလူနာ အားလုံး၏ ၉၃ရာခိုင်နှုန်းကို HIV ပိုးရှိ၊ မရှိ စစ်ဆေးနိုင်ခဲ့ပြီး HIV ပိုးတွေ့ တီဘီလူနာ ၇၉၃၆ ဦးအနက် ၇၆ရာခိုင်နှုန်းကို ART ဆေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

၂၀၂၄ ခုနှစ်   ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ Yes! We can End TB”တီဘီရောဂါ ပပျောက်ဖို့၊ အားလုံးဝိုင်းဝန်း ပူးပေါင်းလို့၊ ပံ့ပိုးကူညီဆောင်ရွက်စို့” နှင့်အညီ  တီဘီရောဂါ ပပျောက်နိုင်ရေးအတွက် ကာကွယ်ကုသရေး လုပ်ငန်းများကို လူတိုင်းလက်လှမ်းမီရရှိနိုင်ရန် အားလုံးပူးပေါင်း၍ ပံ့ပိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများသည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ၂၀၂၄ခုနှစ် ကမ္ဘာ့တီဘီ ရောဂါတိုက်ဖျက်ရေးနေ့ပြခန်းသို့ လှည့်လည်ကြည့်ရှုခဲ့ရာ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း၏ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွှယ်ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊  အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊အခြေခံ ကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။