လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ရေစီးရေလာ ကောင်းမွန်ရေးနှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သာယာလှပရေး လုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

 

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ရေစီးရေလာ ကောင်းမွန်ရေးနှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သာယာလှပရေး လုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

 

ရန်ကုန်  မတ်  ၂၂

    ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ သည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်   လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အတွင်းပဒံကျေးရွာ၊ ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ် အဝင်လမ်းထိပ်သို့ သွားရောက်၍  ရန်ကုန်-ပုသိမ်လမ်း  ရေစုကန်ရေမြောင်း ရေစီးရေလာအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။    

ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည်  ထန်းတပင်မြို့နယ်  ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်သို့သွားရောက်၍ ပင်မလေးထပ်ဆောင်ရှေ့ အရှည် ၆၆၅ ပေ၊ အကျယ်ပေ ၁၁၀၊ အနက် ၈ ပေရှိ ရေကန်တူးဖော်ပြီးစီးမှု၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာနမှ ရေကန်ပတ်လည် စိမ်းလန်းစိုပြည်စေရေး ပန်းအလှပင်များနှင့် ယိုးဒယား ဘဲစားမြက်များ စိုက်ပျိုးထားရှိမှု၊ ရေကန်အတွင်းရေဖြည့်သွင်းပြီး လျှပ်စစ်ဓာတ်အား ၄၆ ကီလိုဝပ် ထုတ်လုပ်နိုင်သည့် ဆိုလာလျှပ်စစ်ဓာတ်အားပေး စနစ်ဖြင့်  အလှဆင်ရေပန်း သုံးခုမောင်းနှင်နေမှု၊ ရေကန်ပတ်လည်  မြေထိန်းနံရံ တည်ဆောက်ပြီးစီးမှု၊ ကန်ပေါင်တွင် လူသွားလမ်းဆောင်ရွက်နေမှု လုပ်ငန်းများအား  ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်ဝင်းအတွင်း ရေဝပ်မှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ မြေယာရှုခင်းလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားကာ  လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။