နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်(၁၀၇) သင်တန်းဆင်းပွဲကျင်းပ

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်(၁၀၇) သင်တန်းဆင်းပွဲကျင်းပ

 

ပြင်ဦးလွင်  မတ်  ၂၂

    နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်  (အထက်မြန်မာပြည်) စစ်ရေးပြကွင်း၌ ယနေ့နံနက် ၇ နာရီတွင် စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၁၀၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပရာ သင်တန်းဆင်း တပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုပြီး ဆက်လက်၍ ပါမောက္ခချုပ် ဦးကျော်စိုးအား အလေးပြု ကြသည်။

ထို့နောက် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုရ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သင်တန်းသား အမှတ်-၄၀၆  ဦးမင်းကျော်(စက်မှုကျွမ်းကျင်-၃) အား လည်းကောင်း၊ သင်တန်းသူ စံပြဆုရ မီးသတ်ဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာနမှ သင်တန်းသူအမှတ်-၁၆၁ ဒေါ်စန္ဒာသိန်း (လက်ထောက်မီးသတ်ဦးစီးမှူး)တို့အား လည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူ  ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများအားလည်း ကောင်း ဆုများချီးမြှင့်ခြင်းနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။

ယင်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား ၁၄၇ ဦး၊ သင်တန်းသူ ၃၁၇ ဦး စုစုပေါင်း  ၄၆၄ ဦးတို့ တက်ရောက်ပြီး     သင်တန်းကာလမှာ ဇန်နဝါရီလ ၁၅ ရက်မှ မတ်လ ၂၂ ရက်ထိ ရက်သတ္တ  ၁၀  ပတ်ကြာမြင့်ခဲ့ကြောင်း သတင်း ရရှိသည်။