နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲ ကျင်းပ

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲ ကျင်းပ

 

ရန်ကုန်    မတ်     ၂၂ 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၂၀၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ကျင်းပရာ  ဦးစွာ သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုပြီး ဆက်လက်၍ ပါမောက္ခချုပ်အား အလေးပြုကြသည်။

ထို့နောက် ပါမောက္ခချုပ်က သင်တန်းသား စံပြဆုကို သင်တန်းသားအမှတ် - ၃၀၄ ဦးအောင်ထက်သော်၊ အငယ်တန်းစာရေး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနကို လည်းကောင်း၊   သင်တန်းသူစံပြဆုကို သင်တန်းသူအမှတ်-၈၈ ဒေါ်နန်းနှင်းယုလွှာဦး၊ အငယ်တန်းအင်ဂျင်နီယာ-၃၊ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ကို လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊   သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား ၁၈၁ ဦး၊ သင်တန်းသူ ၂၈၃ ဦး စုစုပေါင်း ၄၆၄ ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီလ ၁၅ ရက်မှ မတ်လ ၂၂ ရက်ထိ ရက်သတ္တ ၁၀ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။