ကုလသမဂ္ဂအထွေထွေ ညီလာခံက AI  နှင့် ပတ်သက်၍ ပထမဆုံးသော ဆုံးဖြတ်ချက် တစ်ရပ်ကို ထုတ်ပြန်

 

ကုလသမဂ္ဂအထွေထွေ ညီလာခံက AI  နှင့် ပတ်သက်၍ ပထမဆုံးသော ဆုံးဖြတ်ချက် တစ်ရပ်ကို ထုတ်ပြန်

 

    ကုလသမဂ္ဂအထွေထွေညီလာခံက AI နှင့်ပတ်သက်၍ ပထမဆုံးသော ဆုံးဖြတ်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် AI စနစ်ကို ပိုမိုဘေးကင်းမှု ရှိသော၊ လုံခြုံမှုရှိသော၊ ယုံကြည်စိတ်ချရမှု ရှိသောစနစ်အဖြစ် ဖန်တီးကြရမည်ဖြစ်သည်။

လူ့အခွင့်အရေးနှင့်ပတ်သက်၍ လေးစားမှု၊ ကာကွယ်မှုနှင့် အားပေးမြှင့်တင်မှုတို့ ရှိရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏  AI စနစ် အကောင်အထည်ဖော်မှု စာတမ်းတွင် ဖော်ပြထားသည်။

ယခုချမှတ်လိုက်သော ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံက ဦးဆောင်တင်သွင်းခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၂၀ ကျော်က ထောက်ခံ အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယနေ့အချိန်အခါတွင် AI နည်းပညာသည် အလွန်လျင်မြန်စွာ တိုးတက်လာနေပြီဖြစ်သည့်အပြင် လူသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများကိုသာမက နိုင်ငံများ၏ အုပ်ချုပ်ရေးစနစ်များ အထိကိုပါ ထိပါးလာနိုင်မည်ဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံများက ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို ချမှတ်ခြင်းဖြစ်သည်။