ရုရှားက ၃ တန်ဗုံးများကို အမြောက်အမြား ထုတ်လုပ်မှု စတင်

 

ရုရှားက ၃ တန်ဗုံးများကို အမြောက်အမြား ထုတ်လုပ်မှု စတင်

 

    ရုရှားကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံတစ်ခုက ၃ တန်အလေးချိန်ရှိ ဗုံးများ ကို အမြောက်အမြား ထုတ်လုပ်မှု စတင် လုပ်ဆောင်ပြီဖြစ်ကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူ က ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ သို့သွားရောက် စစ်ဆေးစဉ်  FAB-500  ဗုံးများကို အဆပေါင်းများစွာ ထုတ်လုပ်နေစဉ် FAB-1500 ဗုံးများကိုမူ  နှစ်ဆတိုးမြှင့် ထုတ်လုပ်နိုင်နေကြောင်းနှင့် FAB-3000 ဗုံးများကို အမြောက်အမြား ထုတ်လုပ်မှု စတင်တော့မည်ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူက ပြောသည်။

FAB-3000 ဗုံးများသည် အလေးချိန် ၃ တန်ရှိပြီး ကီလိုဂရမ် ၁၄၀၀ ရှိ ထိပ်ဖူး ကိုသယ်ဆောင်နိုင်ကာ ၎င်းကိုဝေဟင်မှနေ၍ ကြဲချနိုင်သည်။

FAB  အမျိုးအစားဗုံးများသည် ယူကရိန်း စစ်ဆင်ရေးတွင် ဘန်ကာဖျက်ဗုံးများအဖြစ် အသုံးပြုနေသည့်ဗုံးများဖြစ်ပြီး ယခင်က ပစ်မှတ်ပေါ်အလွတ်ကျလာသည့်ဗုံးများ အစား ယခုအခါ ပစ်မှတ်ကိုတိကျစွာ ထိမှန် နိုင်စေမည့် စမတ်ဗုံးများအဖြစ် ရုရှားအင်ဂျင် နီယာများက ပြောင်းလဲ ထုတ်လုပ်လာခြင်း ဖြစ်သည်။

FAB   ဗုံးများအနက်   FAB-3000  ဗုံးများကို အမြင့် ၁၆ ကီလိုမီတာမှ ကြဲချနိုင်ကာ အမြန်နှုန်းတစ်နာရီလျှင် ၁၂၀၀ ကီလို မီတာနှုန်းဖြင့် ပျံသန်းနိုင်သည့် ထိုဗုံးများမှာ ကီလိုမီတာ ၆၀ မှ ၇၀ ကြား အကွာအဝေးရှိ ပစ်မှတ်ကို ထိမှန်နိုင်စွမ်းရှိသည်။

ဘက်စုံသုံးအဖြစ် ရည်ရွယ်ထားသည့် အဆိုပါဗုံးများသည်  အခိုင်အမာအကာ အကွယ်ယူထားသည့် စက်မှုလုပ်ငန်းနေရာများ၊ မြေအောက် အဆောက်အအုံများ အပြင် ရေကာတာများကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည်။

ထို့ပြင် ယင်းဗုံးများ၏ သက်ရောက်မှု အကွာအဝေးမှာ ၃၉ မီတာ ပတ်လည်ဖြစ်ပြီး ထိုဗုံးများကို  TU-22M3 ဗုံးကြဲလေယာဉ် များ၊    ရေကြောင်းတိုက်ခိုက်ရေး ဗုံးကြဲလေယာဉ်များမှနေ၍   သယ်ဆောင်ကြဲချ နိုင်စေမည်ဖြစ်ကြောင်း သိရသည်။