မဲခေါင်မြစ်ကမ်းစပ်မှ ဗုဒ္ဓရုပ်ပွားတော်များစွာ တူးဖော်တွေ့ရှိ

 

မဲခေါင်မြစ်ကမ်းစပ်မှ ဗုဒ္ဓရုပ်ပွားတော်များစွာ တူးဖော်တွေ့ရှိ

 

    လာအိုနိုင်ငံမြောက်ပိုင်း   ဘိုကီယိုပြည်နယ်ရှိ မဲခေါင်မြစ်ကမ်းစပ်မှ အချိန်ကာလအတိအကျ မသိရသေးသော ဗုဒ္ဓရုပ်ပွားတော်များစွာကို  တူးဖော်တွေ့ရှိကြောင်း သိရသည်။

အလုပ်သမားများက အနီးရှိလမ်းကိုပြုပြင်မှုများ လုပ်ဆောင်နေစဉ် ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော် တစ်ခုနှင့် ဦးခေါင်းတော်များ မပါရှိသော ရုပ်ပွားတော်များကို မတ်လ ၁၁ ရက်တွင်တွေ့ရှိပြီးနောက် ယခုကဲ့သို့တူးဖော်မှုများကို လုပ်ဆောင်ခြင်းဖြစ်သည်။

ထို့နောက်  မတ်လ  ၁၆  ရက်တွင် ဉာဏ်တော် ၈၀ စင်တီမီတာ၊ ကိုယ်လုံးတော်အကျယ် ၅၆ စင်တီမီတာရှိသော ဗုဒ္ဓရုပ်ပွား တော်တစ်ဆူကို တူးဖော်တွေ့ရှိရသည်။

ယခုအချိန်အထိ တူးဖော်တွေ့ရှိရသော ဗုဒ္ဓရုပ်ပွားတော်စုစုပေါင်း ၄၁ ဆူရှိပြီဖြစ်ကြောင်း လာအိုအမျိုးသား ရုပ်မြင်သံကြား သတင်းဌာနက မတ်လ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

တူးဖော်မှုလုပ်ငန်းအားလုံး ပြီးစီးပါက လာအိုပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနရှိ ရှေးဟောင်း ပစ္စည်းဌာနမှ ကျွမ်းကျင်ပညာရှင်များက ရုပ်ပွားတော်များကို လေ့လာမှုများ လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။