ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဂျာမနီကို အိန္ဒိယ တရားဝင်သတိပေး

 

ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဂျာမနီကို အိန္ဒိယ တရားဝင်သတိပေး

 

ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဂျာမနီအစိုးရကို အိန္ဒိယက မတ်လ၂၃ ရက်တွင် တရားဝင် ကန့်ကွက်သတိပေးလိုက်ကြောင်း သိရသည်။

အိန္ဒိယအစိုးရက အာဏာရ BJP  ပါတီကို နှုတ်အားဖြင့် ဝေဖန်သည့် နယူးဒေလီဝန်ကြီးချုပ် အာဗင်းကက်ရီဝယ်ကို မတ်လ၂၁ ရက်တွင် ဖမ်းဆီးပြီးနောက် ဂျာမနီအစိုးရ၏ မှတ်ချက်ပြုပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အာဗင်းကက်ရီဝယ် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ လွတ်လပ်စွာ တရားစီရင်မှုနှင့် အခြေခံဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်သည့်   စံချိန်စံနှုန်းများ ရှိမည်ဟုမျှော်လင့်ကြောင်း ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ၂၂ ရက်တွင် ထုတ်ပြန်သည်။

“ဒီလိုမျိုးမှတ်ချက်ပြု ပြောဆိုမှုတွေဟာ မိမိတို့နိုင်ငံရဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်ကိုဝင်ရောက်စွက်ဖက်ရာ ရောက်တဲ့အပြင် လွတ်လပ်စွာ တရားစီရင်မှုကိုလည်း လျော့ပါးစေပါတယ်” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက မတ်လ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

AAP  ပါတီခေါင်းဆောင် ကက်ရီဝယ်သည် လာဘ်ပေးလာဘ်ယူမှုများ ပြုနေသည်ဟူသော စွဲဆိုချက်ဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရခြင်းဖြစ်သည်။

သို့သော် ထိုသို့ဖမ်းဆီးမှုသည် ပူးပေါင်းကြံစည်မှုသာ ဖြစ်ကြောင်း၊ စွဲဆိုခံထားရသကဲ့သို့ မည်သည့်ပြစ်မှုကိုမျှ ကျူးလွန်ထားခြင်း မရှိကြောင်း ကက်ရီဝယ်က ပြောထားသည်ဟု သိရသည်။