လီဗာပူးအသင်းက တိုက်စစ်မှူး ဆာလက်ချ်၏ နေရာ၌ အစားထိုးရန် ရီးယဲလ်မက်ဒရစ်အသင်းမှ လူငယ်ကစားသမား ရိုဒရီဂိုကို ခေါ်ယူရန်ပြင်ဆင်

 

လီဗာပူးအသင်းက တိုက်စစ်မှူး ဆာလက်ချ်၏ နေရာ၌ အစားထိုးရန် ရီးယဲလ်မက်ဒရစ်အသင်းမှ လူငယ်ကစားသမား ရိုဒရီဂိုကို ခေါ်ယူရန်ပြင်ဆင်

 

    လီဗာပူးအသင်းက    ယခုဘောလုံးရာသီအကုန်တွင်  အသင်းမှ  ထွက်ခွာဖွယ်ရှိနေသည့်  တိုက်စစ်မှူး ဆာလက်ချ်၏ နေရာ၌ အစားထိုးရန်အတွက် ရီးယဲလ်မက်ဒရစ် အသင်းမှ     လူငယ်ကစားသမား ရိုဒရီဂိုကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။

၂၀၁၇ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားသည့် ဆာလက်ချ်သည် ဘောလုံး ရာသီတိုင်းတွင် လီဗာပူးအသင်းနှင့်အတူ အကောင်း ဆုံးခြေစွမ်းပြလျက်ရှိ သော်လည်း     ယခုဘောလုံး ရာသီအကုန်တွင်  အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် အတွက် လီဗာပူးအသင်းက ၎င်း၏ နေရာ၌အစားထိုးရန် လက်ရှိအချိန်ကတည်းက ကစားသမားရှာဖွေမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ဆာလက်ချ်နှင့် လီဗာပူးအသင်းတို့ စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့ပြီး ဆာလက်ချ်ကိုယ်တိုင်က သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်မဟုတ်ဘဲ ဆော်ဒီ ကလပ်အသင်းများသို့  ပြောင်းရွှေ့လိုသည့်အတွက် လီဗာပူး အသင်းအနေဖြင့်   နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ဆာလက်ချ်ကို လက်လွှတ် ရဖွယ်ရှိနေသည်။

အသက် ၂၃ နှစ်အရွယ် ရိုဒရီဂိုသည် ရီးယဲလ် မက်ဒရစ်အသင်းနှင့်  ၂၀၂၈   ခုနှစ်အထိ စာချုပ် သက်တမ်းကျန်ရှိနေပြီး ယခုဘောလုံးရာသီတွင်လည်း အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိသော်လည်း  လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလ တွင်   ပီအက်စ်ဂျီအသင်းမှ  အမ်ဘတ်ပီနှင့်ပါးမီး ယက်စ်အသင်းမှ အန်းဒရစ်တို့ ရောက်ရှိလာ ဖွယ်ရှိနေ သည့် အသင်းတိုက်စစ်ပိုင်း၌ ရိုဒရီဂိုအတွက် ပွဲထွက် ခွင့်မှာ မရေမရာဖြစ်နေသည့် အတွက် ပွဲထွက်ခွင့်ရရှိမည့် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိနေ ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းက ရိုဒရီဂိုကို လီဗာပူးအသင်းအပြင်  မန်စီးတီးအသင်းနှင့် အာဆင်နယ်အသင်းတို့က  ခေါ်ယူရန် စီစဉ်နေသည့်အတွက် အလွယ်တကူ လက်မလွှတ်လိုသောကြောင့် ပြောင်းရွှေ့ကြေးကိုလည်း   စတာလင်ပေါင်  ၈၅  သန်းအထိ သတ်မှတ်ဖွယ် ရှိကြောင်း သိရသည်။