မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်  မတ်  ၂၃

    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၀ ရက် ည ၈ နာရီခွဲတွင် ပြည်မြို့ ရွာဘဲရပ်ကွက်တွင် ကံလင်းဦး မောင်းနှင်ပြီး မမြမြနှင်း လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးချက်အရ မတ်လ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် ကံမမြို့နယ် ကျွန်းကလေးကျေးရွာအုပ်စု ထုံးကြီးကျေးရွာရှိ ၎င်းင်းတို့၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၀ ကိုလည်းကောင်း၊ အလားတူ မတ်လ ၂၂ ရက် ညနေ ၄ နာရီတွင် ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်   (၄၅)ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးတွင် ဇော်မင်းဦး(ခ) မင်းမင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ  ည  ၆  နာရီတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၂)ရပ်ကွက်ရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ စိုင်းသူရထွန်း(ခ)အာကြီးအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၁ ကီလိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ မိနစ် ၅၀ တွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် လပ်ကီးလမ်းမပေါ်တွင် စိတ်ပြောင်းဆေးဝါးများ ရောင်းချခိုင်းသူ ဖြိုးဝေအောင်(ခ)ကိုဖြိုးအား စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ နှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ  အရေးယူထားကြောင်း သတင်းရရှိသည်။