တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ      

 

တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ      

     

နေပြည်တော်  မတ်  ၂၃

  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက    စစ်ဆေးမှုများ ဆောင်ရွက်ရာတွင်  မတ်လ  ၂၀ ရက်တွင် ကုန်းတွင်းဆိပ်ကမ်း ရွာသာကြီး(Dry Port)) ၌  ကုန်သေတ္တာ(၁)လုံးအတွင်းမှ ကုမ္ပဏီမှ စွန့်လွှတ်ကြောင်း လျှောက်ထားလာသည့် Bickford's  သစ်သီးဖျော်ရည် (၄၈၀)ဘူးအပါအဝင်  ကုန်ပစ္စည်း(၂၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၀၄၅၉၅၄)ကို လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၄)လုံးအတွင်းမှ  သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ကွဲလွဲစွာပါရှိလာသည့်   Freedom Craft Solar Battery လုံး (၂၈၀)၊  Xingfa Aluminium Profiles ကီလိုဂရမ် (၃၉၃၀) အပါအဝင် ကုန်ပစ္စည်း(၁၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၉၂၃၃၅၀) ကို လည်းကောင်း၊  စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၇၁၉၆၉၃၀၄)  ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၂၁ ရက်တွင် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်(တရုတ်လှဘက်ခြမ်း)၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့   မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း   အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Laptop (Used) လုံး (၃၄) ၊ အခင်းပြား ခု (၂၀၀) အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၂၅၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Mini Bus (၁)စီး  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၇၂၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်  လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ၂၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်နှင့် မြန်အောင်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၁၆၉)တန်၊ သစ်မာ (၀ ဒသမ ၄၅၄)တန်၊ အခြားသစ်(၈ ဒသမ ၀၉၆)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၆၉၆၅)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ်လ၂၁ ရက်တွင်  ကလေးမြို့နယ်၌  လိုင်စင်မဲ့ New Star 125 မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မတ်လ ၂၂  ရက်တွင်  မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ ညောင်ပင်ကြီးဇက်ဆိပ်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ(ချက်ဆီ) ဂါလန် (၉၅၀) ၊ ဓာတ်ဆီ(ချက်ဆီ) (၃၈)ဂါလန်နှင့် ပီပါခွံအလွတ် (၂၆)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၉၀၄၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၃၉၀၄၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မတ်လ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၈၂၁၆၆၉)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။