တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  မတ်  ၂၄

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက    စစ်ဆေးမှုများ ဆောင်ရွက်ရာ  မတ်လ ၂၁  ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၃) လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက်   ပိုမိုပါရှိလာသည့် ကားအပိုပစ္စည်း    NHAL  Ball  Bearing (၂၈၂၀၀၀)၊ တရုတ်စာတန်းပါ Universal Joint (၃၉၆၀)  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၅၈၈၀၀၀၀)ကို လည်းကောင်း၊ မတ်လ၂၂ ရက်တွင်   မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၄) လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင်  ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Ceramic Tiles  (၅၉၀၄) စတုရန်းမီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၉၉၂၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၇၈၇၂၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port  ၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော  မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် M-150  အားဖြည့်အချိုရည် ပုလင်း(၁၇၅၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၃၇၅၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်   Mitsubishi Fuso Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၃၇၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်း အဖွဲ့များကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မတ်လ၂၂ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးနှင့် သာမညမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Balloon  ချိုချဉ်(၃၆၀)ထုပ်၊ ထိုင်းနိုင်ငံထွက်ပန်းသီး ကီလိုဂရမ် (၉၅၀)၊  DeeDo  လိမ္မော်ရည် (၅၇၆)ဘူး၊ MC  KFC  Hot and Spicy (၅၇၆)ထုပ်အပါအဝင်    ကုန်ပစ္စည်း (၁၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅၄၁၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၂)စီး၊ Mitsubishi FusoBus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀၀)တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ မတ်လ ၂၃ ရက်တွင် ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ကျေးရွာအနီး၌  လိုင်စင်မဲ့   Daihatsu Hijet  မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ တောင်ငူခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ်(၁ ဒသမ ၀၁၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၉၉၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၂၁၀၉၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ်လ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၃၄၅၇၉၀၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင်ကော်မတီမှ သိရသည်။