(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လားရှိုးမြို့၊ အမှတ်(၁၁) ရပ်ကွက်၊ ရွှေရတနာကတ္တရာလမ်းသစ်ဖွင့်ပွဲပြုလုပ်

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လားရှိုးမြို့၊ အမှတ်(၁၁) ရပ်ကွက်၊ ရွှေရတနာကတ္တရာလမ်းသစ်ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ မတ် - ၂၅

         (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ရွှေရတနာ ကတ္တရာလမ်းသစ်ဖွင့်ပွဲကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်း၌ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

         ဦးစွာ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုင်လွန်ကတ္တရာလမ်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း ပြောကြားပြီး ရပ်ကွက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

         ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူရှိသူများက အမှတ်(၁၁)ရပ်ကွက်၊ ရွှေရတနာ ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက တိုင်းမှူးနှင့် တာဝန်ရှိသူများအား လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံငယ်များအား ပေးအပ်သည်။

         ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရွှေရတနာကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ လားရှိုးမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ရွှေရတနာ ကတ္တရာလမ်းသစ်မှာ အရှည် ၂၅၀၀ ပေ ၊ အကျယ် ၁၈ ပေရှိကြောင်း သတင်းရရှိသည်။