မန္တလေးဈေးကွက်အတွင်းသို့ အတာအိုးများ စတင်ဝင်ရောက်လာပြီး မန္တလေးမြို့နှင့် အနီးဝန်းကျင်ဒေသများသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိ

 

မန္တလေးဈေးကွက်အတွင်းသို့ အတာအိုးများ စတင်ဝင်ရောက်လာပြီး မန္တလေးမြို့နှင့် အနီးဝန်းကျင်ဒေသများသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိ

 

     မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော် ကာလတွင် အသုံးပြုရန် မန္တလေးဈေးကွက်သို့ အတာအိုးများ စတင်ဝင်ရောက်လာပြီး မန္တလေးမြို့နှင့် အနီးဝန်းကျင် ဒေသများသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း မန္တလေးမြို့ရှိ  မြေအိုးအမျိုးမျိုး ရောင်းဝယ်သူများ၏ ပြောဆိုချက်အရ သိရ သည်။

ယခုအခါ   မန္တလေးဈေးကွက်အတွင်းသို့   ဝင်ရောက်လာသော  အတာအိုးများတွင်   မန္တလေးတိုင်းဒေသကြီး   အမရပူရ မြို့နယ်  တပ်ကြီးရွာမှ  ထုတ်လုပ်သော အတာအိုးများ အများဆုံးဖြစ်ပြီး မန္တလေး တိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ရှိ  ခက်သင်ရွာ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ  ရန္တပိုရွာနှင့်  စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ရှိ   နဘတ်ရွာတို့မှ   ထုတ်လုပ်သော အတာအိုးများလည်း  မန္တလေး ဈေးကွက်သို့ဝင်ရောက်လာကာ ထိုအတာ အိုးများကို  မန္တလေးမြို့နှင့်  တခြားဒေသ များသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချ လျက်ရှိသည်။

သင်္ကြန်နားနီးလာတော့ အတာအိုးတွေ လက်ကားမှာတဲ့သူတွေ    များလာတယ်။ လက်လီလာဝယ်လည်း    ရောင်းပေးပါ တယ်။  ဒီနှစ်မှာ ပိတောက်ခက်ပုံနဲ့ အတာ အိုးလေးတွေက     တော်တော်ရောင်းရတယ်။ ရိုးရိုးသောက်ရေအိုးတို့၊ ရေပိုက် ခေါင်းနဲ့သောက်ရေအိုးတို့ အဲဒါတွေလည်း ရောင်းရတယ်” ဟု  မန္တလေးမြို့ရှိ   ရွှေညောင်ပင်   အိုးအမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ   ဒေါ်တင်မာနွယ်က ပြောသည်။

ထိုသို့ရောင်းချရာတွင် လက်လီဈေးနှုန်း အနေဖြင့်    ရိုးရိုးအတာအိုး တစ်လုံးလျှင် ငွေကျပ် ၈၀၀၊  ခွာဒေါက်နှင့်  အတာအိုး တစ်လုံးလျှင် ငွေကျပ် ၁၀၀၀၊ ပိတောက် ခက်ပုံနှင့် အတာအိုးတစ်လုံးလျှင် ငွေကျပ် ၁၂၀၀ စသည်ဖြင့် ဈေးနှုန်းများ သတ်မှတ် ရောင်းချလျက်ရှိကြောင်း သိရသည်။

နှစ်စဉ် သင်္ကြန်ကာလနီးလျှင် မန္တလေး ဈေးကွက်၌ အတာအိုးများ လက်လီလက် ကားရောင်းချရသည့် နည်းတူ ဘုရားပွဲတော် ကာလများတွင် ဘုရားမီးပူဇော်ရန် ဆီမီး ခွက်များ၊ မိုးရာသီကာလတွင် အလှစိုက် ပန်းအိုးများ    စသည့် အိုးအမျိုးမျိုးကို ရာသီအလိုက် ရောင်းချနေရကြောင်း သိရသည်။ ယခုအခါ မြေအိုးထုတ်လုပ်ရောင်းချ သောလုပ်ငန်းများကို ရှေးလူကြီးများကသာ မိရိုးဖလာလုပ်ငန်းအဖြစ်  လုပ်ကိုင်ကြပြီး လူငယ်များ လုပ်ကိုင်မှု နည်းပါးလာသော်လည်း အိုးလုပ်ငန်းမှာ မြန်မာ့ရိုးရာလက်မှု ပညာရပ်အနေဖြင့်    ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။