မအူပင်မြို့နယ်၌ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် အာလူးများ အရောင်းအဝယ် ကောင်းမွန်နေ

 

မအူပင်မြို့နယ်၌ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် အာလူးများ အရောင်းအဝယ် ကောင်းမွန်နေ

 

ဧရာဝတီတိုင်းဒေသကြီး  မအူပင်မြို့နယ်၌  ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့်    အာလူးများ အရောင်းအဝယ် ကောင်းမွန်နေကြောင်း မအူပင်မြို့နယ်မှ      လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင် ဒေါ်နီနီဝင်း၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်သို့ ရှမ်းပြည်နယ်ဘက်မှ ထွက်ရှိသည့်    အာလူးများပုံမှန်ဝင် ရောက်လျက်ရှိပြီး လက်ရှိတွင် အာလူးပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၄၅၀၀၀၀ အထိဈေးရှိကြောင်း သိရသည်။

“ရှမ်းပြည်နယ်ဘက်ကနေ မအူပင်မြို့နယ်ဘက်ကို အာလူးတွေ ပုံမှန်ဝင်ရောက်နေပါတယ်။ ဒါပေမဲ့ ဒီနှစ် အာလူးအထွက်နှုန်းနည်းပါတယ်။   ဒါကြောင့်လည်း မနှစ်ကထက် အာလူးဈေးက ကောင်းနေတယ်။ မနှစ်က ပိဿာချိန် ၁၀၀ ကို ငွေကျပ် ၃၅၀၀၀၀ လောက်ပဲ ဈေးရှိခဲ့တာပါ။ လက်ရှိမှာ ပိဿာချိန်  ၁၀၀ ကို  ငွေကျပ် ၄၅၀၀၀၀ အထိ ဈေးရှိနေပါတယ်။ လက်ရှိ တစ်ရက်ကို အာလူးပိဿာချိန် ၁၅၀၀ ကျော်လောက် အရောင်းအဝယ်ဖြစ်နေပါတယ်” ဟု  ဒေါ်နီနီဝင်းက ပြောသည်။

မအူပင်မြို့နယ်၌ လက်ရှိ တစ်ရက်လျှင် အာလူး ပိဿာချိန် ၁၅၀၀ ကျော်အထိ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။