နေပြည်တော်ရှိ တပ်မတော်ပန်းခြံသို့ အများပြည်သူ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု အပန်းဖြေ လေ့လာနိုင်ရန် ဖွင့်လှစ်ထားရှိမည်

 

နေပြည်တော်ရှိ တပ်မတော်ပန်းခြံသို့ အများပြည်သူ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု အပန်းဖြေ လေ့လာနိုင်ရန် ဖွင့်လှစ်ထားရှိမည်

 

(၇၉)နှစ်မြောက်  တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ တပ်မတော်ပန်းခြံ၌ ရေပန်းများ၊ မီးအလှများ တပ်ဆင်ထားရှိပြီး တပ်မတော်နေ့ အထိမ်းအမှတ်  မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားမင်းမြတ် သုံးပါးရုပ်တုတို့အား အများပြည်သူ မည်သူမဆို အခမဲ့ဝင်ရောက် ကြည့်ရှုအပန်းဖြေလေ့လာနိုင်ရန်  တပ်မတော်ပန်းခြံအား မတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ နေ့စဉ် ညနေ ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။     

တပ်မတော်နေ့ကျင်းပရေး စီမံခန့်ခွဲရေး ကော်မတီ