ဂါဇာ၌သေဆုံးသည့် ပါလက်စတိုင်း ပြည်သူ  ၃၂၃၃၃ ဦးအထိ ရှိလာပြီဖြစ်

 

ဂါဇာ၌သေဆုံးသည့် ပါလက်စတိုင်း ပြည်သူ  ၃၂၃၃၃ ဦးအထိ ရှိလာပြီဖြစ်

 

ဂါဇာကမ်းမြောင်ဒေသ၌   လက်ရှိဖြစ်ပွားနေသော အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသည့် ပါလက်စတိုင်း ပြည်သူအရေအတွက် ၃၂၃၃၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း   ဟားမတ်တို့၏ ကျန်းမာရေးဝန်ကြီးဌာနက  မတ်လ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့်   ပါလက်စတိုင်း ပြည်သူ   ၁၀၇  ဦးသေဆုံးပြီး  ၁၇၆  ဦး ဒဏ်ရာရရှိသည်ဟု  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်  အောက်တိုဘာလ ၇  ရက်မှစ၍ဖြစ်ပွားသော  အစ္စရေး-ဟားမတ် ပဋိပက္ခအတွင်း သေဆုံးရသည့် ပါလက်စတိုင်းပြည်သူ  ၃၂၃၃၃  ဦးနှင့်  ဒဏ်ရာရရှိသူ ၇၄၆၉၄ ဦးအထိ ရှိလာခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဟားမတ်တို့က   အစ္စရေးတို့အပေါ် လျှပ်တစ်ပြက် တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် အစ္စရေးက  ဟားမတ်တို့အပေါ် လက်တုံ့ပြန် တိုက်ခိုက်မှုများနှင့် မြေပြင်စီးနင်း ဝင်ရောက်    တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

ဟားမတ်တို့၏  တိုက်ခိုက်မှုအတွင်း အစ္စရေးပြည်သူ ၁၂၀၀ ခန့်သေဆုံးပြီး ၂၀၀ ကျော်မှာ ပြန်ပေးဆွဲ ခံခဲ့ရကြောင်း သိရသည်။