ပြည်သူ့စစ်မှုထမ်း ဥပဒေ ရှင်းလင်းအသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ

 

ပြည်သူ့စစ်မှုထမ်း ဥပဒေ ရှင်းလင်းအသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော် မတ် ၂၅

ပြည်သူ့စစ်မှုထမ်းဥပဒေ  ရှင်းလင်းအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ  တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဲနညါ ဏ့ညေါ နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတို့မှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက  Online   စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးက  ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်အလို့ငှာ စစ်ပညာသင်ကြားရန်နှင့်   စစ်မှုထမ်းဆောင်ရန် အတွက် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၂၄) ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ပြည်သူ့စစ်မှုထမ်း ဥပဒေပါ ပြဋ္ဌာန်းချက်များကို နိုင်ငံသားတိုင်း သိရှိလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေကို  မြန်မာတစ်နိုင်ငံတည်းတွင်သာ ထူးခြားပြီး  ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံများတွင်လည်း ပြဋ္ဌာန်း၍ ကျင့်သုံးလျက် ရှိကြောင်း၊ နိုင်ငံတော်  ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ပြီးပါက ဦးစားပေးအလိုက် ဝန်ထမ်းခန့်အပ်ခြင်း၊ အလုပ်အကိုင်ရရှိခြင်း စသည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း၊   ဝန်ထမ်းများသည်   နိုင်ငံ့ဝန်ထမ်းဥပဒေကို    လိုက်နာရသကဲ့သို့ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေများကိုလည်း လိုက်နာရန်ဖြစ်ပြီး မိမိတို့ သိရှိထားသည့် အသိပညာများကို  သေချာစွာ လေ့လာ၍  တိုင်းရင်းသားပြည်သူများ လိုက်နာနိုင်ရေး အတွက်လည်း လက်ဆင့်ကမ်း  အသိပညာပေးရှင်းလင်း ပြောကြားရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားတိုင်းသည် နိုင်ငံသားဖြစ်ပြီး  နိုင်ငံသားတိုင်းသည် အမျိုးသားရေးတာဝန်(၃)ရပ်ကို လိုက်နာရန် တာဝန်ရှိသည့်အတွက်  ဝန်ထမ်းများအနေဖြင့် ယခုကာလတွင်  မိမိတို့ပတ်ဝန်းကျင်ရှိ တာဝန်ထမ်းဆောင်ကြရမည့် တိုင်းရင်းသားပြည်သူများအား မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့် ဝေမျှပြီး နိုင်ငံတော်၏ အကျိုးအတွက်  ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း    ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍  စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်များ၊ လျာထားစီမံချက်၊ ကင်းလွတ်ခွင့်ရှိသူများ၊   ရှောင်လွှဲပါက ကျသင့်မည့် ပြစ်ဒဏ်များ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ သတ်မှတ်ကာလ၊ စစ်မှုထမ်းစနစ်ကို ကျင့်သုံးရသည့် အကြောင်းရင်း၊ စစ်မှုထမ်းစနစ်နှင့် စပ်လျဉ်း၍  ကျင့်သုံးလျက်ရှိသည့် ကမ္ဘာ့နိုင်ငံများ အကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က   ပြည်သူ့စစ်မှုထမ်း ဥပဒေပါ အခန်း (၈) ခန်းကို အသီးသီး ရှင်းလင်း ပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။