(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ထောက်ခံခြင်းနှင့် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း YMBA (ဗဟို)၏ အပျော်တမ်းခြင်းလုံး အလှခတ်ပွဲ အခမ်းအနားကျင်းပ

 

 (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ထောက်ခံခြင်းနှင့် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း YMBA (ဗဟို)၏ အပျော်တမ်းခြင်းလုံး အလှခတ်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန် မတ် ၂၅

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ထောက်ခံခြင်းနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (ဗဟို)၏အပျော်တမ်း ခြင်းလုံးအလှခတ်ပွဲ အခမ်းအနားကို  ယနေ့ နံနက် ၉  နာရီတွင် ရန်ကုန်မြို့ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း YMBA  ရုံး၌ကျင်းပသည်။

ဦးစွာ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း  YMBA (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်း၊ YMBA (ဗဟို)စာရင်းစစ်နှင့် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးတို့က ပြည်သူ့စစ်မှုထမ်း ဥပဒေအား ထောက်ခံပွဲနှင့်  အပျော်တမ်း ခြင်းလုံးအလှခတ်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

 ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းက ၁၉၅၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင်   ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့သော    ပြည်သူ့စစ်မှုထမ်း ဥပဒေကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ၂၀၂၄  ခုနှစ်  ဖေဖော်ဝါရီလ ၁၀  ရက်တွင်  စတင်အာဏာတည်စေရမည်ဖြစ်ကြောင်း   အမိန့်ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖေဖော်ဝါရီလ ၁၇ ရက် ရွှေတိဂုံစေတီတော် ကုန်းမြေအတွင်းရှိ YMBA (ဗဟို) သို့ လာရောက်သည့်ခရီးစဉ်တွင် YMBA အသင်းအနေဖြင့်  ပြည်သူ့စစ်မှုထမ်း ဥပဒေအား   ပြည်သူလူထုနှင့်   လူငယ်များ သဘောပေါက်နားလည်စေရေး ဆွေးနွေးဆောင်ရွက်ရန် ညွှန်ကြားခဲ့သဖြင့် မိမိအနေဖြင့်  ပြည်နယ်နှင့်  တိုင်းဒေသကြီးများသို့ သွားရောက်ကာ   ထပ်ဆင့်ရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း၊ ယနေ့တွင်လည်း အခမ်းအနား တက်ရောက်လာကြသည့်  ဧည့်ပရိသတ်များကို    ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်ပြီး အကျယ်တဝင့် ရှင်းလင်းဆွေးနွေး  ပြောကြားခြင်းဖြစ်ကြောင်း ပြောကြားသည်။

   ထို့နောက်   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြံပေးပုဂ္ဂိုလ် ဦးဌေးလင်းက ဂုဏ်ပြုစကား ပြောကြားသည်။

  ဆက်လက်၍ YMBA (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် တာဝန်ရှိသူများက ရှေးမြန်မာတို့၏ ခြင်းလုံးအလှခတ်ခြင်းနှင့် ခြင်းလုံးအလှခတ်အသင်းများမှ ခြင်းလုံးအလှခတ် ပြသခြင်းတို့ကို  ကြည့်ရှုအားပေးကြပြီး အားကစားသမားများအား ဂုဏ်ပြုနှုတ်ဆက်ကြသည်။

  ထို့နောက့်ြဗြ(ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ခြင်းလုံးအလှခတ် အသင်းကိုးသင်းအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။