တာချီလိတ်နှင့် လွိုင်လင်မြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

တာချီလိတ်နှင့် လွိုင်လင်မြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်  ၂၅

မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် မတ်လ ၂၄ ရက် ညနေ ၄ နာရီတွင် တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ယန်းခေါင်ကျေးရွာရှိ စက်ဝင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၊  ဘိန်းဖြူ  သုည ဒသမ ၀၃ ကီလို  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ   ညနေ ၅ နာရီတွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ဂျောပကျေးရွာရှိ လီယောင်(ခ)အလီ ၏ နေအိမ်ကိုဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၆၀၀၀ ကို လည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၂ နာရီခွဲတွင် လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာအနီးတွင် ခွန်အောင်နိုင် မောင်းနှင်ပြီး ခွန်မောင်ထွန်း လိုက်ပါလာသည့် TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ  အရေးယူထားကြောင်း သိရသည်။