ရီးယဲလ်မက်ဒရစ်အသင်းနှင့် အယ်နာဆာအသင်းတို့ ချစ်ကြည်ရေး ခြေစမ်းပွဲကစားရန်

 

ရီးယဲလ်မက်ဒရစ်အသင်းနှင့် အယ်နာဆာအသင်းတို့ ချစ်ကြည်ရေး ခြေစမ်းပွဲကစားရန်

 

ဆွေးနွေးမှုများ ပြုလုပ်

စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ် အသင်းနှင့် ဆော်ဒီ ထိပ်သီး  အယ်နာဆာအသင်းတို့သည်  ချစ်ကြည်ရေး ခြေစမ်းပွဲကစားရန်   ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ် အသင်းသည် အယ်နာဆာအသင်းမှ   ရီးယဲလ်မက်ဒရစ်အသင်း ကစားသမားဟောင်း တစ်ဦးဖြစ်သည့်   စီရော်နယ်ဒိုကို ဖိတ်ခေါ်ကစားလိုသည့်အတွက် အသင်းအိမ်ကွင်းဖြစ်သည့် ဘာနေဗျူး အားကစားကွင်း၌ အယ်နာဆာအသင်းကို ဖိတ်ခေါ် ပြီး ချစ်ကြည်ရေးခြေစမ်းပွဲ ကစားရန် စတင်ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည်    အသင်းမှ ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းပရိသတ်များ၏ အားပေးမှုကိုရရှိနေသည့် စီရော်နယ် ဒိုကိုအသုံးပြုပြီး ရာသီကြိုပြင်ဆင်မှုအဖြစ် အိမ်ကွင်းတွင် အယ်နာဆာအသင်းကို ဖိတ်ခေါ်ပြီး ခြေစမ်းပွဲ ကစားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အသက်   ၃၉   နှစ်အရွယ် စီရော်နယ်ဒိုသည် ရီးယဲလ်မက်ဒရစ် အသင်းတွင် ၂၀၀၉ ခုနှစ်မှ  ၂၀၁၈  ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ စပိန်လာလီဂါဖလားနှင့် ချန်ပီယံလိဂ်ဖလား အပါအဝင်  ဆုဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့သည့်အပြင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုများကိုလည်း ဆွတ်ခူးနိုင်ခဲ့ကာ ၂၀၁၈ ခုနှစ် ဇူလိုင်လက ရီးယဲလ်မက်ဒရစ်အသင်းမှ  ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။

စီရော်နယ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အတူ   ပြိုင်ပွဲစုံ  ၄၃၈ ပွဲအထိကစားခဲ့ပြီး သွင်းဂိုး ၄၅၀   အထိ   သွင်းယူနိုင်ခဲ့ကာ   အသင်းသမိုင်း တစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

ရီးယဲလ်မက်ဒရစ် အသင်းနှင့် အယ်နာဆာအသင်းတို့ ခြေစမ်းပွဲ ကစားဖြစ်မည်ဆိုပါက စီရော်နယ်ဒိုအနေဖြင့်   နှစ်သင်းစလုံးတွင်  ပွဲကစားချိန် ၄၅  မိနစ်စီ  ပါဝင်ကစားဖွယ် ရှိကြောင်း သိရသည်။