(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးပြိုင်ပွဲကျင်းပ

 

(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးပြိုင်ပွဲကျင်းပ

 

ရန်ကုန်  မတ်  ၂၆

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သုဝဏ္ဏစက်ဘီး လေ့ကျင့်ရေးကွင်း ပြေးလမ်းအသစ်ဖွင့်ပွဲနှင့် အမျိုးသား၊ အမျိုးသမီး စက်ဘီးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏစက်ဘီး လေ့ကျင့်ရေးကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ သုဝဏ္ဏစက်ဘီး လေ့ကျင့်ရေးကွင်း ပြေးလမ်းအသစ်ကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီ ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးပြိုင်ပွဲကို  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများက စက်ဘီးပြိုင်ပွဲကို ကြည့်ရှုအားပေးကြသည်။

အဆိုပါစက်ဘီးပြိုင်ပွဲတွင် အမျိုးသမီး နောက်ကျန်ထွက်အုပ်စု တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနောက်ကျန်ထွက် အုပ်စုတစ်ဦးချင်း ပြိုင်ပွဲ၊ အမျိုးသားမီတာ ၈၀၀ အုပ်စုတစ်ဦး ချင်းပြိုင်ပွဲ၊ အမျိုးသားမီတာ ၄၀၀၀ အသင်း လိုက်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများ အပြီးတွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသော အားကစားသမားများအား တိုင်းဒေသ ကြီးဝန်ကြီးများက ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသားမီတာ ၄၀၀၀ အသင်းလိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိကြသော အသင်းများအား ဆုတံဆိပ်နှင့်ငွေသား ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းအမျိုးသား၊ အမျိုးသမီးစက်ဘီးပြိုင်ပွဲကို မတ်လ ၂၃ ရက်မှ ၂၆ ရက်အထိကျင်းပခဲ့ပြီး အမျိုးသား၊ အမျိုးသမီး အားကစားသမား ၉၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ   ဆုကြေးအဖြစ် အုပ်စုတစ်ဦးချင်း ပြိုင်ပွဲတွင် ပထမဆုငွေကျပ် တစ်သိန်း၊ ဒုတိယဆုငွေကျပ် ခုနစ်သောင်း၊ တတိယဆု ငွေကျပ်ငါးသောင်း၊ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုငွေကျပ်သုံးသိန်း၊  ဒုတိယဆု ငွေကျပ်နှစ်သိန်းနှင့် တတိယဆုငွေကျပ် တစ်သိန်းချီးမြှင့်ခဲ့ကြောင်း  မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်မှ သိရသည်။