ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင် ကျင်းပသည့် (၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO  2024 ) ပထမနေ့သို့ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်း

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင် ကျင်းပသည့် (၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO  2024 ) ပထမနေ့သို့ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်  

                       

နေပြည်တော်  မတ်  ၂၆

    ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ   Sochi မြို့တွင် ကျင်းပသည့်   (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) (XIII International Forum ATOM-EXPO 2024 )  ပထမနေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့်  မြန်မာကိုယ်စားလှယ် အဖွဲ့သည် တက်ရောက်လာကြသူများနှင့်အတူ (၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံ သည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၄)တွင် ခင်းကျင်းပြသထားသည့်   နိုင်ငံတကာမှ နျူကလီးယားနှင့် ပတ်သက်ဆက်စပ်သော ပြခန်းများကို လိုက်လံကြည့်ရှု လေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် (၁၃)ကြိမ်မြောက်   နျူကလီးယား နည်း ပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) ဖွင့်ပွဲ အခမ်းအနားသို့ လည်းကောင်း၊ ၂၀၂၄  ခုနှစ်ဖိုရမ်၏ အဓိကမျက်နှာစုံညီ အစည်းအဝေး( Plenary Session ) တွင်  “သန့်ရှင်းသောစွမ်းအင်- အနာဂတ်ကို အတူတကွ ဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း အစီအစဉ်သို့ လည်းကောင်း  တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် NovaWind JSC ကုမ္ပဏီမှ    Director   General- Grigory Nazarovနှင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သော လေအားနှင့် အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ပတ်သက်၍လည်းကောင်း၊  JSC Rusatom Energy Projects ကုမ္ပဏီမှ Director General-Andrey Rozhdestvin နှင့်   အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့်   ပတ်သက်၍ လည်းကောင်း ဆွေးနွေးကြသည်။

(၁၃)ကြိမ်မြောက်   နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) သည် ခေတ်မီနျူကလီးယား စွမ်းအင်လုပ်ငန်း၏  ကဏ္ဍပေါင်းစုံနှင့် ၎င်း၏နောက်ထပ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍများကို ဆွေးနွေးရန်ဖြစ်ပြီး ကမ္ဘာ့နျူကလီးယားစွမ်းအင် လုပ်ငန်းမှ ခေါင်းဆောင်များ၊   နိုင်ငံတကာကို ယ်စားလှယ်များ၊ ရုရှားနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နျူကလီးယား နယ်ပယ်မှအဓိက ကျွမ်းကျင်သူများ ပါဝင်ကြသည်။ အစဉ်အလာအားဖြင့်  ဖိုရမ်အစီအစဉ်သည် နိုင်ငံတကာ ကွန်ဂရက်တစ်ခုနှင့် နျူကလီးယားနှင့် ဆက်စပ် စက်မှုလုပ်ငန်းများအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ရောင်းချသူများမှ   ခင်းကျင်း ပါဝင်ပြသကြကြောင်းနှင့် ကမ္ဘာ့နျူကလီးယား လုပ်ငန်း၏ ဆိုင်းငံ့ထားသော ပြဿနာများကို ဆွေးနွေးရန်ရည်ရွယ်သည့်  နိုင်ငံတကာညီလာခံ တစ်ခုဖြစ်ကြောင်း   သိရသည်။