အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
"နင် ထင်သလား”
ဒေဝက ပြုံးစနဲ့နဲ့နှင့်မေးဆဲ...
“ကျွန်တော် တွေးကြည့်တာလေ၊ မိန်းမတော်တော်နဲ့ ယူကြမှာမဟုတ်ပါဘူး”
“ယူရင်လည်း တစ်ပြိုင်နက်ယူမှာပဲ”
ဗလက ဝင်ဖောက်သည်။
“ဒီလောက် တတွဲတွဲနဲ့ စိတ်ချင်းတူနေတာ၊ မိန်းမလည်း တစ် ယောက်တည်းများ ကြိုက်နေမှာလား”
“သြော်...အရေးထဲ ဉာဏ်ကြီးရှင်ချောစုက ဝင်ပေါက်ရသေးတယ်၊ ဒီအတွေးမျိုး နင်တွေးပဲ တွေးတတ်တယ်နော်”
ဒေဝကပြောတော့ ချောစုက ရယ်မောလျက် “ပေါက်တာမဟုတ်ပါဘူး၊ ဖြစ်တတ်တာပြောတာပါ၊ အဲလို မကြိုက်နိုင်ဘူးလား၊ ကဲ...ကိုလတ် ပြော”
ချောစုက ကိုလတ်ကိုလှည့်မေးတော့ ကိုလတ်ကပြုံးလျက်...
“ဒါ...ဖြစ်တတ်ပါတယ်”
“ကဲ...ချောစု မပြောလား”
ချောစုက ဒေဝဘက်သို့ လှည့်ရန်ထောင်လိုက်သည်။ အောင်က...
“တကယ်လို့ပေါ့လေ...အမျိုးသားတွေအကြောင်းမသိလို့ ကျွန် တော်မေးတာနော်၊ စိတ်တော့မရှိပါနဲ့၊ ကိုလတ်နဲ့ကိုအောင်တို့ မိန်းကလေး တစ်ယောက်ကို ကြိုက်မိတယ်ဆိုပါတော့၊ အဲလိုဆိုရင် ဘယ်သူက အလျှော့ပေးမလဲ၊ မိန်းကလေးဘက်ကို မစဉ်းစားနဲ့ဦး၊ ဘယ်သူ့ကို ပိုးခွင့် ပေးမလဲ”
ကိုအောင်သည် ဆေးလိပ်တွင်တွင်ဖွာရှိုက်ရင်း အောင့်ကိုငေးကြည့် နေသည်။ ကိုလတ်ကပြုံးလျက် ခေါင်းကိုခါယမ်းရင်း...
“ဒီအဖြစ်မျိုး မကြုံဖူးသေးဘဲနဲ့ ဘယ်လိုအဖြေပေးမလဲ”
“ပြုံးလာပြီဆိုပါတော့”
အောင်က ဇွတ်မေးတော့လည်း
ကိုလတ်က ခေါင်းကိုခါယမ်းနေသည်။
“ငါ ဖြေနိုင်တယ်ဟေ့၊ ကိုအောင်ကြီး အလျှော့ပေးရမှာသေချာတယ်”
ဗလက ဝင်ဖြေသည်။
“ဘာဖြစ်လို့လဲ”
“သူတို့ပုံ ကြည့်ပါလား၊ ဟိုလူက လူပုံကချောပေမယ့် သွေးအေးအေး နဲ့ ဘာမှလျှော့မှာမဟုတ်ဘူး၊ ဒီလူကတော့ လူပုံက စံပဲ၊ စိတ်နေသဘော ထားက ကိုလတ်ကြီးထက် ပိုပျော့ပျောင်းတယ်၊ နင်တို့က သူ့ကိုသာ ကြောက်တာ၊ သူက နည်းနည်းမှကြောက်စရာမကောင်းဘူး၊ ကိုလတ်နဲ့ကျ သူကချည်းခံနေရတာ၊ သူကချည်း အလျှော့ပေးတာ”
“သူ့သဘောနဲ့သူပါကွာ”
အခန်း (၁၅)
ကိုလတ်က ရယ်ရင်းဖြေသည်။ ဒေဝသည် ဤတွင် အတွေးတစ်မျိုး ပေါက်ရင်း နောက်တီးနောက်တောက်နှင့်...
“အကောင်းဆုံးကတော့ မိန်းမတစ်ယောက်တည်းကို နှစ်ယောက်စလုံး ယူလိုက်ရုံပဲ၊ ဒီလောက်ခွဲလို့မရတာ”
“အတော်လိုက်နာဖို့ကောင်းတဲ့ အကြံဉာဏ်ပါလား၊ ဒီလောက် ဖောက် ပြန်တာ”
ချောစုကပြောကာ ရယ်မောနေသည်။
“အတော်ပေါက်တဲ့လူတွေ၊ မေးတဲ့လူကလည်း မေးတယ်၊ ဖြေတဲ့လူက လည်း ပေါက်ကရ”
ကိုအောင်က ခပ်သဲ့သဲ့ရယ်မောရင်း ဝင်ပြောပြီး အောင့်ဘက်ကိုလှည့် ...
“နင် ဦးနှောက်ပဲ၊ နင့်ကို ငါကြည့်နေတယ်၊ နင် ၉၅ ပြားပဲ”
“ကိုအောင်က ကျွန်တော့်ကို ကျပ်မပြည့်ဘူး ပြောချင်တာပေါ့”
“ပြောချင်တာမဟုတ်ဘူး၊ ပြောနေတာ၊ နင်မှ ၉၅ ပြားအစစ်”
ထို့နောက် ကိုအောင်သည် အောင့်ကို ၉၅ ပြားချည်း ခေါ်တော့သည်။
“နင် သူများကို ဒီလောက်နာမည်ဝှက်ပေးတတ်တာ နင့် Nickname လည်းမှတ်ထား၊ ၉၅ ပြားတဲ့”
“ကိုလတ် ဘိုမုတ်ဆိတ်က ကျွန်တော့်ကို ၉၅ ပြားတဲ့”
အောင်က ကိုလတ်ကိုလှမ်းတိုင်တော့ ကိုလတ်က ကိုအောင့်အား ဖျတ်ခနဲလှမ်းကြည့်ကာ...
“ဟုတ်သားပဲကွာ၊ မင်းက အောင့်ကို ဒီလိုမခေါ်ပါနဲ့၊ ၉၅ ပြားဆိုတဲ့ ငြခုညောန က နင့်သီးလွန်းပါတယ်၊ ၉၉ ပြားလောက် ခေါ်ရရင်တော် ရောပေါ့”
“ကိုလတ်နော် ကိုလတ်၊ ခင်ဗျားနဲ့ကိုအောင် တစ်စိတ်တည်းဆိုတာ တကယ်မှန်တယ်၊ ခင်ဗျားတို့နှစ်ယောက် မိန်းမတစ်ယောက်တည်း ရကြ ပါစေ”
ဗလသည် မျက်လုံးများပြူးလျက်...
“ဟ...ဟ...ကျိန်စာတိုက်ပဟ၊ လောကကြီးမှာ ဒီကျိန်စာလောက် ကြောက်စရာကောင်းတာ မရှိတော့ဘူး၊ ဘုရားစူးရပါစေရဲ့၊ မှောင်ခို ပစ္စည်းနဲ့လူနဲ့ တစ်ပြိုင်နက်တွဲမိပြီး အချုပ်ခန်းထဲရောက်ရပါစေရဲ့၊ တကယ် ပါ”
ထပ်ဆင့်ကျိန်တော့ အောင်နှင့်ချောစုတို့က တသောသောရယ်မော မိကြသေးသည်။ သည်တုန်းက အောင်ဆိုသည်မှာ ဘာမှအပူအပင်မရှိ တော့သလို လွတ်လပ်ပျော်ပါးနေခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။