မဟာသင်္ကြန်ရေသဘင် ပွဲတော် စည်ကားစွာ ကျင်းပနိုင်ရေး ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

မဟာသင်္ကြန်ရေသဘင် ပွဲတော် စည်ကားစွာ ကျင်းပနိုင်ရေး ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

ရန်ကုန်   မတ်  ၂၆

    ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော် ဝန်)ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ဝင်း အတွင်း ဂါလန်နှစ်သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်နေမှု၊ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ရေသဘင် ပွဲတော် ပြည်သူ့ရင်ပြင်ရေကစား မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေး ရေမှုန်ရေ မွှားလျှောက်လမ်းများ၊ ရောင်စုံထီးများ ဖြင့်အလှဆင်နေမှု၊ ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ် တည်ဆောက်နေမှု၊ တောင်ထန်းတဲများ နေရာချထားမှု၊ ရေပိုက်များ သွယ်တန်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး  မဏ္ဍပ်များကြံ့ခိုင် ကောင်းမွန်အောင် တည်ဆောက်ရေး ဆောင်ရွက်ရန် မှာကြားကာ  ပြည်သူ့ရင်ပြင် ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်အတွက် ပြည်သူ့ ဥယျာဉ်အတွင်းရှိ PE ရေကန်မှရေပိုက်များဖြင့် သွယ်တန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည်   ကျောက်တံတားမြို့နယ်  မဟာ ဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းအကြား မဟာဗန္ဓုလပန်းခြံ လမ်းတစ်လျှောက် လမ်း လျှောက်သင်္ကြန် ကျင်းပနိုင်ရေး ခင်းကျင်းပြင်ဆင်နေမှု၊  ဖျော်ဖြေရေးမဏ္ဍပ် တည် ဆောက်နေမှုနှင့် မြို့တော်ခန်းမရှေ့ ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မဏ္ဍပ်များ ကြံ့ခိုင်ကောင်းမွန်အောင် တည်ဆောက်ရေး၊ ယာဉ်သွားလာမှုအနှောင့်အယှက် မဖြစ်စေရေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။