ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် ငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ငါးသိန်းဖမ်းဆီးရမိ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် ငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ငါးသိန်းဖမ်းဆီးရမိ

 

နေပြည်တော်    မတ်    ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်တွင် ငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား   ငါးသိန်း ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မတ်လ ၂၀ ရက် ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ် နမ့်မော်ခေါက်ဆင့် ကျေးရွာအနီးတွင် ခိုလမ်မြို့ဘက်မှ နမ့်စန်မြို့ဘက်သို့ မောင်သန်းရွှေ မောင်းနှင်လာသည့် ALPHARD  မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ   ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ငါးသိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွဆေးပြားများ အား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သတင်းရရှိသည်။