(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြ တပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

 

(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြ တပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော်၊ မတ် - ၂၇

(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ စုရပ်သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။

ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် သိန်းဇော် ဦးဆောင်သည့် စစ်ရေးပြစစ်ကြောင်းများက အလေးပြုကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း က ဂုဏ်ပြုဆုများရရှိကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အထူးတပ်ဖွဲ့စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ လေအိတ်ပလွေတီးဝိုင်းအဖွဲ့၊ အောင်ဇေယျစစ်ကြောင်း (အမျိုးသမီး)အလံအဖွဲ့၊ မြင်းစီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့ တို့ကိုလည်းကောင်း၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆု ရရှိသည့် အနော်ရထာ စစ်ကြောင်း စစ်တီးဝိုင်းအဖွဲ့၊ အလံအဖွဲ့အကောင်းဆုံးဆု ရရှိသည့် ဘုရင့်နောင် စစ်ကြောင်းအလံအဖွဲ့၊ တပ်မတော်(ကြည်း၊ရေ၊လေ)(အမျိုးသမီး)တပ်ခွဲ တတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြဂုဏ်ပြု တပ်ခွဲ၊ အကောင်းဆုံးစခန်း တတိယဆုရရှိသည့် ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြား ရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံး တတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၃)၊ စစ်စည်းကမ်း အကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ စစ်ရေးပြအကောင်းဆုံး တတိယဆု ရရှိသည့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့အား လည်းကောင်း ဂုဏ်ပြုဒိုင်းဆု များနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး က မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး)တပ်ခွဲ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား)တပ်ခွဲ ဒုတိယဆုရရှိသည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၃)၊ တပ်မတော်(ကြည်း၊ရေ၊ လေ)(အမျိုးသမီး)တပ်ခွဲ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စား ပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ အကောင်းဆုံးစခန်း ဒုတိယဆု ရရှိသည့် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံး ဒုတိယဆုရရှိသည့် စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးရုံး  ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ ၊ စစ်ရေးပြအကောင်းဆုံး ဒုတိယဆု ရရှိသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး)တပ်ခွဲ ပထမဆု ရရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား)တပ်ခွဲ ပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၄)၊ တပ်မတော်(ကြည်း၊ရေ၊လေ)(အမျိုးသမီး)တပ်ခွဲ ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ အကောင်း ဆုံးစခန်း ပထမဆု ရရှိသည့် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံး ပထမဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံး ပထမဆု ရရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ပထမဆုရရှိသည့် သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေး မှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ တို့ကို ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) အုပ်ဖွဲ့ပျံသန်းအဖွဲ့ ဂုဏ်ပြုဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)အုပ်ဖွဲ့ပျံသန်းအဖွဲ့၊ စံပြတပ်ခွဲ တတိယ ဆုရရှိသည့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ စံပြတပ်ခွဲ ပထမဆု ရရှိသည့် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲများအား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။