(၇၉)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုအခမ်းအနားများသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက် ဂုဏ်ပြုပန်းခြင်းချ အလေးပြု

နေပြည်တော်၊ ၂၀၂၄ မတ် ၂၇

ယနေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုအခမ်းအနားများ သို့ တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်၍ ဂုဏ်ပြုပန်းခြင်းချပြီး သူရဲကောင်းစစ်သည်များအား အလေးပြုကြသည်။

ဦးစွာ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူ များသည် သူရဲကောင်းဗိမာန်အတွင်း နေရာယူကြပြီး သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချကာ အလေးပြုကြသည်။ ထို့နောက် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား စစ်သံမှူးများကိုယ်စား အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံစစ်သံမှူးက ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် စစ်သံမှူးများနှင့် အဖွဲ့ဝင်များသည် သူရဲကောင်းဗိမာန်(နေပြည်တော်)၌ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဗိမာန်အတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။