မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ အကြီးအကဲ Mr. Sajjad Mohammad Sajidနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တွေ့ဆုံ

 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ အကြီးအကဲ  Mr. Sajjad Mohammad Sajidနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တွေ့ဆုံ

 

နေပြည်တော်  မတ်  ၂၇

    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Sajjad Mohammad Sajid ဦးဆောင်သောအဖွဲ့နှင့် ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် UNOCHA နှင့် ဝန်ကြီးဌာနတို့အကြား  ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ၊ UNOCHA နှင့် ဝန်ကြီးဌာနတို့ အကြား သဘောတူညီမှု စာလွှာ (LoA) အသစ်လက်မှတ်ရေးထိုးနိုင်ရေး အပြီးသတ် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို  ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် UNOCHA ရုံးမှ  ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း  သိရသည်။