မကွေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေ းအတွက် ဌာန၊ပုဂ္ဂလိက၊ တောင်သူများ ပူးပေါင်းပါဝင်သော နည်းပညာ ဆွေးနွေးပွဲကျင်းပ

 

မကွေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေ းအတွက် ဌာန၊ပုဂ္ဂလိက၊ တောင်သူများ ပူးပေါင်းပါဝင်သော နည်းပညာ ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  မတ်  ၂၈

    မကွေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့တော်ခန်းမ၌ ကျင်းပရာ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သုတေသီပညာရှင်များ၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ ဆီစက်လုပ်ငန်းရှင်များနှင့် နှမ်းကုန်သည်များအသင်း တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်က ပြည်တွင်းစားသုံးဆီ ဖူလုံရေး အတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင် ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်မှုမှသည် ပြည်ပသို့ စားသုံးဆီတင်ပို့နိုင်သည် အထိ မျှော်မှန်းပြီး မျိုး၊ မြေ၊ ရေ၊ နည်းပညာ စသည့်လိုအပ်ချက်များ စနစ်တကျစီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် လယ်ယာကဏ္ဍ၏ သီးနှံထုတ်လုပ်မှု မြင့်မားရေး၊ အရည်အသွေး ကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဈေးနှုန်းသေချာသည့် ခိုင်မာသောဈေးကွက်များ ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်   ပြည့်မီစေရန် စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာသီးနှံတို့ကို ဇုန်အလိုက်စိုက်ပျိုးမည့် စီမံချက်အား  ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်ပြီး ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး၌ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန် ရေမြေသဘာဝအခြေခံနှင့် အခွင့်အလမ်းများ၊ အခြေအနေကောင်းများ ရှိနေသည့်အတွက် ယနေ့ဆွေးနွေးပွဲတွင်   ဌာနဆိုင်ရာများ၊ ဒေသခံလုပ်ငန်းရှင်များ အနေဖြင့် တောင်သူများအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို ရှေးရှုပြီး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဆီထွက်သီးနှံ  မြေပဲ၊  နှမ်း၊ နေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊   တောင်သူများ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒေသ၏    လယ်ယာစီးပွားရေး ဖွံ့ဖြိုးမှု အခွင့်အလမ်းများကို  ဆွေးနွေးပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြေပဲ၊ နှမ်း၊ နေကြာစိုက်တောင်သူ များက ဆီထွက်သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများ၊ လိုအပ်ချက်များကို တင်ပြကြရာ ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်များက  သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနနှင့်  စိုက်ပျိုးရေး ဦးစီးဌာနတို့မှ သုတေသီများ၊ ပညာရှင်များက ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေး နည်းပညာရပ်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများက  သိရှိလိုသည်များကို  မေးမြန်းခြင်း၊   သုံးသပ်ဆွေးနွေး အကြံပြုခြင်းများ     ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံများ တိုးတက် ထုတ်လုပ်နိုင်ရေး လျာထားရာ၌ တစ်နိုင်ငံလုံးရှိ မြေပဲ၊ နှမ်း၊ နေကြာစိုက်ဧရိယာ၏ ၃၈ ရာခိုင်နှုန်းဖြစ်သော ဧက၃ သန်းတွင် မြေပဲတစ်ဧက ၅၆ တင်းနှုန်း၊ နှမ်းတစ်ဧက ၁၂ တင်းနှုန်း၊  နေကြာ တစ်ဧက ၂၅ တင်းနှုန်း အထွက်ရရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ အထူးဇုန်များအဖြစ် တိုင်းဒေသကြီး/ပြည်နယ် ၇ ခုတွင် ဇုန် ၁၂ ခုသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ စိုက်ဧကစုစုပေါင်း ဧက ၂၃ သိန်းကျော် စိုက်ပျိုးလျက်ရှိသည့် မကွေးတိုင်းဒေသကြီး၌ စိုက်ပျိုးရေသေချာပြီး ဆီထွက်သီးနှံဖြစ်ထွန်းမှု အလားအလာကောင်းသည့် ဧက ၁၃သိန်း ၄ သောင်းကျော်တွင် အထူးဇုန် ၂ ခု သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။